w ချန်ပီယံလိဂ်ဗိုလ်လုပွဲကို Youtube တွင် အခမဲ့ ထုတ်လွှင့်မည်ဟု BT Sport ကြေညာ - Eleven Media Group <

ချန်ပီယံလိဂ်ဗိုလ်လုပွဲကို Youtube တွင် အခမဲ့ ထုတ်လွှင့်မည်ဟု BT Sport ကြေညာ

Photo: Reuters

ဗြိတိန်အခြေစိုက် BT Sport သည် ရီးယဲလ်မက်ဒရစ်နှင့် လီဗာပူးလ်အသင်းတို့ ကစားမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို Youtube မှတဆင့် အခမဲ့ ထုတ်လွှင့်သွားမည်ဟု
ကြေညာသွားခဲ့ကြောင်း သိရှိရသည်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲကို လာမည့်မေလ(၂၆)ရက်ည ယူကရိန်းနိုင်ငံ ကိဗ်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပရိသတ်များကို ပိုမိုဆွဲဆောင်နိုင်ရန် BT Sport
အားကစားရုပ်သံက စီစဉ်ခဲ့ခြင်း ဖြစ်သည်။

Photo: Getty Images

BT Sport သည် ပြီးခဲ့သည့်နှစ်က ရီးယဲလ်မက်ဒရစ်နှင့် ဂျူဗင်တပ်စ်အသင်းတို့ ကစားခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို Youtube ထုတ်လွှင့်ပြသခဲ့ရာ ပရိသတ်ပေါင်း
(၆.၅)သန်းကို ဆွဲဆောင်နိုင်ခဲ့သည်။

ယခုရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲအား ကြည့်ရှုသူ ၄၇ ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း BT Sport က ထုတ်ပြန်ခဲ့ပြီး ယခုနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲကို Youtube မှာသာမက BT ၀က်ဘ်ဆိုက်နှင့် App တွင်လည်း အခမဲ့ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

Photo: Liverpool via Getty Images

ယခုရာသီတွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အင်္ဂလန်ကလပ်အသင်းဖြစ်သည့် လီဗာပူးလ်အသင်းတက်ရောက်နိုင်ခဲ့သည့်အတွက် ကြည့်ရှုသူပရိသတ် ပိုမိုများပြားလာမည်ဟု BT စီမံခန့်ခွဲမှုဒါရိုက်တာ ပီတီအိုလီဗာက ပြောကြားခဲ့သည်။

May 16, 2018














Copy Protected by Chetan's WP-Copyprotect.