ခရစ္စဟောက်တန်ကို ဘရိုက်တန်အသင်း ၂၀၂၁ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆို

ခရစ္စဟောက်တန်ကို ဘရိုက်တန်အသင်း ၂၀၂၁ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆို
Published 16 May 2018

Photo: Getty Images

ဘရိုက်တန်အသင်းသည် နည်းပြခရစ္စဟောက်တန်ကို ၂၀၂၁ ခုနှစ်အထိ အသင်းတွင် ရှိနေစေမည့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရှိရသည်။

ဟောက်တန်(၅၉ နှစ်)သည် ဘရိုက်တန်အသင်းအား ၂၀၁၄ ခုနှစ်က စတင်ကိုင်တွယ်ခဲ့ပြီး၊ အသင်းကို ၂၀၁၇-၁၈ ရာသီတွင် ပရီးမီးယားလိဂ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သူ ဖြစ်သည်။

ဟောက်တန်သည် ပြီးခဲ့သည့်ရာသီကလည်း ဘရိုက်တန်အသင်းကို ပရီးမီးယားလိဂ်တွင် ရမှတ်(၄၀)ဖြင့် အဆင့်(၁၅)ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် မန်ယူ၊ အာဆင်နယ်တို့ကဲ့သို့ အသင်းကြီးများကို အနိုင်ရအောင် ဟောက်တန်က စွမ်းဆောင်ပေးနိုင်ခဲ့ရာ အသင်းဥက္ကဋ္ဌ တိုနီဘလွန်းက ဟောက်တန်မှာ ဘရိုက်တန်အသင်းအတွက် အလွန်သင့်တော်သူဖြစ်သည်ဟု ချီးကျူးစကားဆိုခဲ့သည်။

ဟောက်တန်သည် ဘရိုက်တန်အသင်းနည်းပြအဖြစ် ပွဲပေါင်း (၁၇၀)ကိုင်တွယ်ထားရာ (၇၆)ပွဲနိုင်၊ (၄၆)ပွဲသရေ၊ (၄၈)ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားကြောင်း သိရသည်။

 

Most Read

Most Recent