ပရီးမီးယားလိဂ်တန်းတက်ခွင့် တစ်နေရာအတွက် ဖူလ်ဟမ်နှင့် အက်စတွန်ဗီလာတို့ အပြိုင် လုရမည်

ပရီးမီးယားလိဂ်တန်းတက်ခွင့် တစ်နေရာအတွက် ဖူလ်ဟမ်နှင့် အက်စတွန်ဗီလာတို့ အပြိုင် လုရမည်
Published 16 May 2018

Photo: Getty Images

အက်စတွန်ဗီလာနှင့် မစ်ဒယ်ဘရော့တို့၏ လိဂ်ချန်ပီယံရှစ် Play-off (ဒု-ကျော့)ပွဲစဉ်ကို အင်္ဂါညက ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိသရေနှင့် ပွဲပြီးဆုံးသွားခဲ့ကြောင်း သိရသည်။

အက်စတွန်ဗီလာအသင်းသည် မစ်ဒယ်ဘရော့အသင်းကို အိမ်ကွင်းတွင် သရေသာ ကစားနိုင်ခဲ့သော်လည်း ပ-ကျော့က အဝေးကွင်းတွင် (ဝ-၁)ဂိုးဖြင့် အနိုင်ရထားသည့် အတွက် ဗိုလ်လုပွဲကို တက်ရောက်ခွင့် ရခဲ့သည်။

အက်စတွန်ဗီလာအသင်းသည် လာမည့်ရာသီ ပရီးမီးယားလိဂ်တန်းတက်ခွင့်အတွက် ဒါဘီကို နှစ်ကျော့ပေါင်း (၂-၁)ဂိုးဖြင့် အနိုင်ယူလာသည့် ဖူလ်ဟမ်အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အက်စတွန်ဗီလာနှင့် ဖူလ်ဟမ်တို့၏ ပွဲစဉ်ကို မတ်လ (၂၆)ရက် စနေနေ့ည မြန်မာစံတော်ချိန် (၁၀)နာရီခွဲတွင် ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent