ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံး(၁၀)သင်းစာရင်းကို Four Four Two ရွေးချယ်ခဲ့ပြီး ယခုနှစ်ချန်ပီယံ မန်စီးတီး ထိပ်ဆုံးတွင်ရပ်တည်

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံး(၁၀)သင်းစာရင်းကို Four Four Two ရွေးချယ်ခဲ့ပြီး ယခုနှစ်ချန်ပီယံ မန်စီးတီး ထိပ်ဆုံးတွင်ရပ်တည်
Published 15 May 2018

နာမည်ကျော်မဂ္ဂဇင်းတစ်စောင်ဖြစ်သည့် Four Four Two က ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းကို ရွေးချယ်ဖော်ပြခဲ့ရာ ယခုနှစ် ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းက ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရသည်။

Four Four Twoသည် အကောင်းဆုံးအသင်းကို ရွေးချယ်ရာတွင် အဓိကစံနှုန်းသတ်မှတ်ချက်မှာ ပရီးမီး ယားလိဂ်ပြိုင်ပွဲတွင် ပြသခဲ့သည့်ခြေစွမ်းသာဖြစ်ပြီး ဥရောပ ပွဲစဉ်များတွင် ပြသခဲ့သည့်ခြေစွမ်းများကို ထည့်သွင်းရွေး ချယ်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ယင်းအတွက်ကြောင့် ၁၉၉၈-၉၉ ရာသီတွင် ဖလား(၃)လုံးချန်ပီယံဖြစ်ခဲ့သည့် မန်ယူအသင်းမှာ ယခုစာရင်းတွင် ပါဝင်လာခြင်းမရှိသလို၊ အစ္စတန်ဘူလ်အောင်မြင်မှုနှင့်အတူ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့သည့် ဘင်နီတက်ဇ်၏ လီဗာပူးလ်အသင်းမှာလည်း Four Four Two ၏ ရွေးချယ်မှုတွင် ပါဝင်လာ ခြင်းမရှိခဲ့ပေ။

၂၀၀၃-၀၄ ရာသီက တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်ဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့သည့် အာဆင်နယ်အသင်း က ယခုစာရင်းတွင် ဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့ပြီး ယင်း အသင်းတွင် အဓိကနေရာမှပါဝင်ခဲ့သည့်ကစားသမား အားလုံးသည် ပရီးမီးယားလိဂ်၏ ဂန္ထဝင်ကစားသမားများ ဖြစ်သည်ဟု Four Four Two က ဆိုသည်။

အဆင့်(၃)နှင့် (၆)နေရာတို့တွင် မော်ရင်ဟို၏ ချယ်လ်ဆီးအသင်းများက ရွေးချယ်ခံခဲ့ရပြီး ၂၀၀၄-၀၅ ရာသီ ချန်ပီယံချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် စံချိန်တင်ပေးဂိုးနှုန်းဖြစ်သည့် တစ် ရာသီလုံးပေးဂိုး (၁၅)ဂိုးသာရှိခဲ့သည်။

ထို့အတူ ယင်းရာသီတွင် Four Four Two (၂၅)ကြိမ်ရရှိခဲ့ခြင်းမှာလည်း ပရီးမီး ယားလိဂ်သမိုင်းတွင် ယခုအချိန်အထိ စံချိန်တင်ထားဆဲ ဖြစ်သလို၊ ယင်းရာသီ၌ ရရှိခဲ့သည့် (၉၅)မှတ်စံချိန်မှာလည်း ယခုရာသီ မန်စီးတီးအသင်း၏ ရမှတ်(၁၀၀)စံချိန်မတိုင်မီ အထိ အကောင်းဆုံးဖြစ်ခဲ့သည်။

ဒါမီယံဒပ်ဖ်၊ ဒရော့ဘာနှင့် ရော်ဘင်တို့၏ တိုက်စစ်တွဲလုံး၊ တိုက်စစ်အားပြုကွင်းလယ်လူ လမ်းပတ်၏ သွင်းဂိုးများ၊ ကွင်းလယ်ခံစစ်ကစားသမား မက်ခီလီလီ၊ ဂျွန်တယ်ရီဦးဆောင်သည့် ခံစစ်တို့က ပရီးမီး ယားလိဂ်သမိုင်းတွင် အအောင်မြင်ဆုံးအသင်းများထဲမှ အသင်းတစ်သင်းဖြစ်စေခဲ့ပြီး ထိုစဉ်က ချယ်လ်ဆီးကစား ခဲ့သည့် (၄-၃-၃)ပုံစံမှာ နောက်ထပ်နှစ်ပေါင်းများစွာ ပရီး မီးယားလိဂ်ကို လွှမ်းမိုးခဲ့သည်ဟု Four Four Two က သုံးသပ်ဖော်ပြခဲ့သည်။

Four Four Two ၏ အကောင်းဆုံးအသင်း(၁၀)သင်း

အဆင့်  အသင်း ရာသီ နည်းပြ

၁ မန်စီးတီး ၂၀၁၇-၁၈ ဂွါဒီယိုလာ
၂ အာဆင်နယ် ၂၀၀၃-၁၄ အာစင်ဝင်းဂါး
၃ ချယ်လ်ဆီး ၂၀၀၄-၀၅ မော်ရင်ဟို
၄ ချယ်လ်ဆီး ၂၀၁၆-၁၇ ကွန်တီ
၅ မန်ယူ ၂၀၀၈-၀၉ ဖာဂူဆန်
၆ ချယ်လ်ဆီး ၂၀၀၅-၀၆ မော်ရင်ဟို
၇ မန်ယူ ၁၉၉၃-၉၄ ဖာဂူဆန်
၈ လက်စတာ ၂၀၁၅-၁၆ ရာနီရေးရီ
၉ မန်ယူ ၁၉၉၉-၀၀ ဖာဂူဆန်
၁၀ မန်ယူ ၂၀၀၇-၀၈ ဖာဂူဆန်

Most Read

Most Recent