ထိုင်းလိဂ်-၁ ပြိုင်ပွဲတွင် အောင်သူ၏သွင်းဂိုး ကိုးဂိုးအထိ ရှိလာ

ထိုင်းလိဂ်-၁ ပြိုင်ပွဲတွင် အောင်သူ၏သွင်းဂိုး ကိုးဂိုးအထိ ရှိလာ
Published 14 May 2018

Police Tero အသင်း၏ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူသည် မေ ၁၂ ရက်က ဘူရီရမ်အသင်း နှင့် ယှဉ်ပြိုင်ကစားသည့် ပွဲစဉ် (၁၅) တွင် တစ်ဂိုး သွင်းယူနိုင်သောကြောင့် ထိုင်းလိဂ်-၁ ပြိုင်ပွဲတွင် ၎င်း၏သွင်းဂိုးမှာ ကိုးဂိုးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

ယင်းပွဲတွင် Police Tero  အသင်းသည် ဘူရီရမ်အသင်းကို အိမ်ကွင်း၌ (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အောင်သူက ချေပဂိုး တစ်ဂိုး ပြန်သွင်းခဲ့ခြင်းဖြစ်သည်။  အောင်သူသည် ထိုင်းလိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြ ကစားလျက်ရှိပြီး True ID မှ ချီးမြှင့်သည့် ဧပြီလအတွက် ထိုင်းလိဂ်-၁ ပြိုင်ပွဲ၏ အကောင်းဆုံးဆုကိုလည်း ရရှိခဲ့သည်။ True ID မှ ချီးမြှင့်သည့် ဧပြီအတွက် အကောင်းဆုံးဆု နှစ်ခုစလုံးကို Police Tero အသင်းက ရရှိခဲ့ပြီး နည်းပြဆုကို အွန်ဘလူးပရင့်စ်က ရယူနိုင်ခဲ့သည်။ အောင်သူသည် Goal.com (ထိုင်း) မှ ချီးမြှင့်သည့် ဧပြီလအကောင်းဆုံးဆု၊ ပြိုင်ပွဲကျင်းပရေးမှ ချီးမြှင့်သည့် ဧပြီလအတွက် အကောင်းဆုံးသွင်းဂိုးဆုများလည်း ရရှိခဲ့သည်။ အောင်သူသည် ပွဲစဉ် (၁၅) အပြီးတွင် ကိုးဂိုး သွင်းယူထားသောကြောင့် ထိုင်းလိဂ်-၁ ပြိုင်ပွဲ၏ သွင်းဂိုးအများဆုံးစာရင်းတွင် ထိပ်ပိုင်းနေရာ၌ ရပ်တည်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent