အင်နီယေစတာကို မကြိုက်သူမှာ ဘောလုံးကို မကြိုက်သူသာ ဖြစ်သည်ဟု ရာကီတစ် ပြောကြား

အင်နီယေစတာကို မကြိုက်သူမှာ ဘောလုံးကို မကြိုက်သူသာ ဖြစ်သည်ဟု ရာကီတစ် ပြောကြား
Published 13 May 2018

Photo: Getty Images

ဘာစီလိုနာအသင်း ကွင်းလယ်လူရာကီတစ်က ဝါရင့်စပိန်ကွင်းလယ်ကစားသမား  အင်နီယေစတာကို မကြိုက်သူများမှာ ဘောလုံးကို မနှစ်သက်သူများသာ ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

အင်နီယေစတာသည် ယခုရာသီအကုန်တွင် ဘာစီလိုနာအသင်းမှ ထွက်ခွာမည်ဟု ကြေညာထားသူဖြစ်ပြီး၊ တရုတ်စူပါလိဂ်ကလပ်များသို့ ပြောင်းရွှေ့ဖွယ်ရှိသည်ဟု မီဒီယာများက ဖော်ပြနေကြသည်။

ရာကီတစ်က "အင်နီယေစတာကို ခင်ဗျားမကြိုက်ဘူးဆိုရင် ခင်ဗျားက ဘောလုံးကို မနှစ်သက်သူပဲ ဖြစ်ရမယ်။ ရိုးရိုးသားသားပြောရရင်တော့ ခင်ဗျား မှားနေပြီဆိုတာပါပဲ"ဟု ပြောဆိုခဲ့သည်။

အင်နီယေစတာသည် ဘာစီလိုနာအသင်းတွင် (၁၆)ရာသီကြာ ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ဆုဖလားပေါင်း (၃၄)လုံးအထိ ရရှိခဲ့သူ ဖြစ်သည်။

ထို့အပြင် အင်နီယေစတာသည် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် နယ်သာလန်အသင်းဘက်သို့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့ပြီး စပိန်အသင်းကို ချန်ပီယံဖြစ်စေခဲ့သူလည်း ဖြစ်သည်။

Most Read

Most Recent