မနက်ဖြန်နံနက်ယှဉ်ပြိုင်ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

မနက်ဖြန်နံနက်ယှဉ်ပြိုင်ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 12 May 2018

ဒါဘီနှင့် ဖူလ်ဟမ်တို့ ယခုရာသီအတွင်း ဒါဘီကွင်း၌တွေ့ဆုံခဲ့စဉ်

လိဂ်ချန်ပီယံရှစ် Play-Off ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်

ဒါဘီ နှင့် ဖူလ်ဟမ် (၁၂-၅-၂၀၁၈ နံနက် ၁း၁၅ နာရီ)
ဒါဘီက တန်းတက်ဇုန်ထဲမှာ ရပ်တည်နိုင်ဖို့ နောက်ဆုံး အချိန်အထိ တိုက်ပွဲဝင်ခဲ့ပြီး ဒီအရှိန်ကို ဆက်ထိန်းနိုင်ပါတယ်။ ဖူလ်ဟမ်ကတော့ တိုက်ရိုက်တန်းတက်ခွင့်ရနိုင်လျက်နဲ့ ခြေချော်ခဲ့ပြီး ဒီအခြေအနေက စိတ်ဓာတ်ပိုင်းကို ရိုက်ခတ်နိုင်ပါတယ်။ ဒီရာသီမှာ တွေ့ဆုံမှုမှာတော့ ဖူလ်ဟမ်က (၁)ပွဲနိုင်၊ (၁)ပွဲသရေကစားခဲ့ပြီး အသာရခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ် ဒါဘီကွင်းမှာတော့ ဒါဘီကိုပဲ အကြိုက်တွေ့မိပါတယ်။

 

ပြင်သစ်လီဂူးပွဲစဉ်

ဂူအင်ဂမ့် နှင့် မာဆေးလ် (၁၂-၅-၂၀၁၈ နံနက် ၁း၁၅ နာရီ)
ဂူအင်ဂမ့်မှာ ဘာဖိအားမှမရှိတော့ဘူး။ အိမ်ကွင်းနောက်ဆုံးပွဲမှာ ပရိသတ်ကျေနပ်အောင် ကစားပြရမယ့်အရာကပဲ ဂူအင်ဂမ့်အတွက် ဖိအားလို့မှတ်ယူရမယ်။ အိမ်ကွင်းနောက်ဆုံး (၃)ပွဲဆက် ဂူအင်ဂမ့် နိုင်ပွဲရထားတာက မာဆေးလ်ကို ခြောက်လှန့်နေလိမ့်မယ်။ အမှတ်လိုပေမယ့် မာဆေးလ် နိုင်ဖို့ခက်တယ်။

Most Read

Most Recent