ဆီးဂိမ်းစ်ပိုလိုပြိုင်ပွဲတွင် မလေးရှားအားကစားဝန်ကြီး ပါဝင်ယှဉ်ပြိုင်မည်

ဆီးဂိမ်းစ်ပိုလိုပြိုင်ပွဲတွင် မလေးရှားအားကစားဝန်ကြီး ပါဝင်ယှဉ်ပြိုင်မည်
Published 19 August 2017

 

photo - The Rakyat Post

မလေးရှားအားကစားဝန်ကြီး ခါအီရီဂျာ မူလက်ဒင်သည် ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်မည့် မလေးရှားပိုလိုလက်ရွေးစင်အသင်းတွင် ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အသက် ၄၁ နှစ်အရွယ်ရှိ ဂျာမူလက်ဒင် သည် ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရ ပြီးနောက် လူငယ်နှင့် အားကစားဝန်ကြီးအဖြစ် ခန့်အပ်ခံရသူဖြစ်ပြီး ယခင်ကလည်း ပိုလိုပြိုင် ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးကြောင်း သိရ သည်။ ၎င်းင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်မည့် မလေးရှားအားကစားသမား ၈၇၁ ဦးစာရင်း တွင် ပါဝင်မည်ဖြစ်ကြောင်း မလေးရှားအိုလံ ပစ်ကောင်စီ က ဇူလိုင်လအတွင်း အတည်ပြုထုတ်ပြန်ထားပြီး မြင်းစီးပိုလိုပြိုင်ပွဲ ယှဉ်ပြိုင်မည့် ခုနစ်ဦးစာရင်းတွင် ထည့်သွင်း ရွေးချယ်မည်ဖြစ်သည်။

သို့သော် ပိုလိုအသင်း မန်နေဂျာဖြစ်သူ အီဘရာဟင်ကမူ ဝန်ကြီး အနေဖြင့် လူရွေးချယ်ရာတွင် အထူးအခွင့် အရေးယူမည်မဟုတ်ဟု ပြောကြားသည်။ပိုလိုပြိုင်ပွဲကို သြဂုတ် ၂၂ ရက်တွင် စတင် ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်မလေးရှား၊ စင် ကာပူ၊ ထိုင်းနှင့် ဘရူနိုင်းအသင်းတို့ ပါဝင်ယှဉ် ပြိုင်မည်ဖြစ်ကာ သြဂုတ် ၂၉ ရက်တွင် ရွှေ တံဆိပ်ဆု ချီးမြှင့်မည်ဖြစ်သည်။

Most Read

Most Recent