အေစီမီလန်အား ဂိုးပြတ်အနိုင်ယူပြီး ကိုပါအီတာလီယာချန်ပီယံဆုကို ဂျူဗင်တပ်စ် စံချိန်တင် (၄)ကြိမ်ဆက်ဆွတ်ခူး

အေစီမီလန်အား ဂိုးပြတ်အနိုင်ယူပြီး ကိုပါအီတာလီယာချန်ပီယံဆုကို ဂျူဗင်တပ်စ် စံချိန်တင် (၄)ကြိမ်ဆက်ဆွတ်ခူး
Published 10 May 2018

မေလ(၉)ရက်ကကစားခဲ့သော ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲတွင် ဂျူဗင်တပ်စ်အသင်းသည် အေစီမီလန်အသင်းကို (၄-ဝ)ဂိုးဖြင့်ဂိုးပြတ်အနိုင်ယူကာ ချန်ပီယံဆုကို စံချိန်တင်အဖြစ် (၄)ကြိမ်ဆက်ဆွတ်ခူးရရှိခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် ကိုပါအီတာလီယာချန်ပီယံဆုကို ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ ပြိုင်ပွဲများတွင် ဗိုလ်စွဲထားခြင်းကြောင့် ပထမဆုံး(၄)ကြိမ်ဆက်ချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ထို့ပြင်  ပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအသင်းလည်းဖြစ်သည့် ဂျူဗင်တပ်စ်အသင်းမှာ (၁၃)ကြိမ်မြောက်ဗိုလ်စွဲနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

 

ရောမမြို့ရှိ အိုလံပီကိုကွင်းတွင် ကျင်းပခဲ့သော အဆိုပါပွဲတွင် ဂျူဗင်တပ်စ်အသင်းသည် အေစီမီလန်အသင်းကို ဒုတိယပိုင်းသွင်းဂိုးများဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်ပြီး ပွဲချိန် (၅၆၊ ၆၄)မိနစ်များတွင် ဘီနာတီယာ၊ ပွဲချိန် (၆၁)မိနစ်တွင် ဒေါက်ဂလပ်စ်ကော်စတာနှင့် ပွဲချိန် (၇၄)မိနစ်တွင် အေစီမီလန်တိုက်စစ်မှူး ကာလီနစ်တို့က ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့ခြင်းဖြစ်သည်။


ဒုတိယဖြင့်ကျေနပ်ခဲ့ရသည့် အေစီမီလန်အသင်းမှာမူ ယခုပြိုင်ပွဲတွင် (၅)ကြိမ်သာဗိုလ်စွဲထားပြီး ၂၀၀၃ ခုနှစ်တွင် နောက်ဆုံးချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲသမိုင်းတစ်လျှောက်အအောင်မြင်ဆုံးအသင်းများ

အသင်း               ချန်ပီယံ

ဂျူဗင်တပ်စ်        ၁၃ ကြိမ်

ရိုးမား                  ၉ ကြိမ်

အင်တာမီလန်     ၇ ကြိမ်

ဖီအိုရင်တီးနား    ၆ ကြိမ်

လာဇီယို              ၆ ကြိမ်

Most Read

Most Recent