ကျောဘက်ရှိ ကစားသမားအမည်နေရာတွင် ဘာစီလိုနာဟု ရိုက်နှိပ်ထားသော အကျီ ၤကို ဘက်တစ်အသင်းနှင့်ပွဲတွင် ဘာစီလိုနာ ဝတ်ဆင်မည်

ကျောဘက်ရှိ ကစားသမားအမည်နေရာတွင် ဘာစီလိုနာဟု ရိုက်နှိပ်ထားသော အကျီ ၤကို ဘက်တစ်အသင်းနှင့်ပွဲတွင် ဘာစီလိုနာ ဝတ်ဆင်မည်
Published 19 August 2017

ဘာစီလိုနာအသင်းသည် တနင်္ဂနွေနေ့တွင်ကစားမည့် ဘက်တစ်အသင်းနှင့်ပွဲတွင်ကျောဘက်ရှိကစားသမား အမည်နေရာတွင် ဘာစီလိုနာဟု ရိုက်နှိပ်ထားသော အကျီ ၤဝတ်ဆင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။ကြာသပတေးနေ့ နေ့လယ်က ဘာစီ လိုနာမြို့လယ်ကောင်ရှိ ပြည်ပခရီးသွားများအလည်အပတ်လာရောက်လေ့ရှိရာ Las Ramblas ဧရိယာတွင်အရှိန်ဖြင့်မောင်းနှင်လာ သည့် ဗန်ကားတစ်စီးက လူများကို ဝင်တိုက် ခဲ့ရာ ၁၃ ဦး သေဆုံးခဲ့ပြီး အယောက် ၁၀၀  ကျော် ဒဏ်ရာရရှိခဲ့သည်။ ယခုအကြမ်းဖက် မှုမှာIS အဖွဲ့၏ လုပ်ရပ်ဖြစ်ကြောင်း စပိန်နှင့် ကတ်တလန်ဒေသတာဝန်ရှိသူများက ထုတ် ပြန်ကြေညာခဲ့သည်။

ကျောနံပါတ်ရှိကစားသမားအမည်နေရာတွင် barcelona ဟု
အစားထိုးဖော်ပြသွားမည်

အဆိုပါအကြမ်းဖက်မှု ဖြစ်ရပ်နှင့်ပတ်သက်၍ ဘာစီလိုနာအသင်း က ယခုအကြမ်းဖက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများ၊ ၎င်းင်းတို့၏ မိသားစုနှင့် သူငယ် ချင်းများသာမက ဘာစီလိုနာမြို့တွင် နေထိုင် သူများနှင့်ထပ်တူ ထိခိုက်ကြေကွဲရကြောင်း၊ ယင်းဖြစ်ရပ်အတွက် ဝမ်းနည်းခြင်းအထိမ်း အမှတ်အဖြစ် ယခုတစ်ပတ်ကစားမည့် လာ လီဂါပွဲများတွင် အသင်းများမှာ လက်ပတ်အ မည်းများ ဝတ်ဆင်ကစားမည်ဖြစ်ကြောင်း၊ တနင်္ဂနွေနေ့၌ ဘက်တစ်နှင့် ကစားမည့်ပွဲ မတိုင်မီ နူးကမ့်ကွင်းတွင် တစ်မိနစ် ငြိမ်သက် သွားမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာခဲ့ သည်။ဘာစီလို နာတွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်ရပ် အတွက် လူးဝစ်ဆွာရက်ဇ်၊ မက်ဆီ၊ စီရော် နယ်လ်ဒိုနှင့် နေမာအပါအဝင် နာမည်ကျော် ဘောလုံးသမားများက ၎င်းင်းတို့၏ Twitter စာမျက်နှာ၌ ဝမ်းနည်းကြောင်းစာများရေးသားခဲ့ကြသည်။  ထို့အတူ ဘာစီလိုနာအသင်းတိုက်စစ် မှူး မက်ဆီက '' အကြမ်းဖက်ခံခဲ့ရသည့် ဘာစီ လိုနာပရိသတ်များ၏ မိသားစုနှင့် သူငယ်ချင်း များအတွက် ဝမ်းနည်းရသလို မည်သည့်အ ကြမ်းဖက်မှုကိုမဆို ဆန့်ကျင်ရှုတ်ချကြောင်း၊ ယခုဖြစ်ရပ်ကြောင့် မိမိတို့စိတ်ပျက်လက် လျှော့နေမည်မဟုတ်ကြောင်း၊ မိမိတို့အပါ အဝင် ကမ္ဘာမြေပေါ်တွင် ငြိမ်းချမ်းမှု၊ တရား မျှတမှု၊ အပြန်အလှန်လေးစားမှု၊ သည်းခံမှုတို့ နှင့်အတူ အေးချမ်းစွာနေထိုင်လိုသောသူ များစွာကျန်ရှိနေကြောင်း'' သူ၏ Instagram စာမျက်နှာ၌ ရေးသားခဲ့သည်။

ရီးယဲလ်အသင်း တောင်ပံတိုက်စစ်မှူး စီရော်နယ်လ်ဒိုကလည်း ဘာစီလိုနာမြို့မှ အကြမ်းဖက်ဖြစ်ရပ်အတွက် ''တုန်လှုပ်ချောက်ချားမိကြောင်း၊ ထိခိုက်ဒဏ် ရာရသူများနှင့် ၎င်းင်းတို့၏မိသားစုများ၊ သူငယ် ချင်းများအတွက် ကြေကွဲဝမ်းနည်းရကြောင်း'' ရေးသားခဲ့သည်။ ထို့ပြင် လာလီဂါအဖွဲ့ချုပ်က ယခုတစ် ပတ်ကစားမည့် လာလီဂါ၊ ဆီဂန်ဒါနှင့် ဆီ ဂန်ဒါ B ပွဲစဉ်များ အားလုံးတွင် ဝမ်းနည်း ခြင်းအထိမ်းအမှတ်အဖြစ် ပွဲမစမီ တစ်မိနစ် ငြိမ်သက်သွားမည်ဖြစ်ကြောင်း အတည်ပြု ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အကျီ ၤရင်ဘတ်တွင်လည်း #TotsSomBarcelona(We are all barcelona) ဟု ရေးထိုး၍ ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

#TotsSomBarcelona စာသားပါသည့် အကျီ ်အရှေ့ဘက်မြင်ကွင်း

Most Read

Most Recent