ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခွင့်အရေးနည်းသွားတဲ့ ချယ်လ်ဆီး

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခွင့်အရေးနည်းသွားတဲ့ ချယ်လ်ဆီး
Published 10 May 2018

ယခုတစ်ပတ်ကြားရက်များတွင် ပရီးမီးယားလိဂ်လက်ကျန်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ပြီး ချယ်လ်ဆီးအသင်းမှာ တန်းဆင်းဇုန်နားက ဟတ်ဒါဖီးလ်ကို အနိုင်မကစားနိုင်သဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက် အတော်လေးနည်းသွားခဲ့သည်။

အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်တွင် ကစားခဲ့ရသော်လည်း ချယ်လ်ဆီးအသင်းမှ ဟတ်ဒါဖီးလ်တိုက်စစ်မှူး ဒေပွိုင်ထယ်၏ဂိုးကြောင့် နောက်ကလိုက်ကစားခဲ့ရပြီး (၁၂)မိနစ်အကြာတွင် ဟတ်ဒါဖီးလ်ကစားသမားဖျက်ထုတ်မှုက မားကို့စ်အလွန်ဆိုနှင့်ထိကာ ဂိုးဝင်သွားသဖြင့် ချယ်လ်ဆီး ချေပဂိုးရရှိခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် လက်ရှိတွင် လီဗာပူးလ်နှင့်ပွဲအရေအတွက်တူသွားကာ (၂)မှတ်ကွာဟနေဆဲဖြစ်ပြီး ရာသီပိတ်ပွဲစဉ်တွင် လီဗာပူးလ်မှာ ဘရိုက်တန်အသင်းကို အိမ်ကွင်းနှင့် ချယ်လ်ဆီးမှာမူ နယူးကာဆယ်ကွင်းတွင် သွားရောက်ကစားရမည်ဖြစ်သည်။

လက်ရှိဂိုးကွာခြားချက်တွင် လီဗာပူးလ်က (+၄၇)ဖြစ်ပြီး ချယ်လ်ဆီးမှာ (+၂၇)သာရှိသောကြောင့် လီဗာပူးအနေဖြင့် ဘရိုက်တန်နှင့်ပွဲတွင် သရေရရုံဖြင့် ချန်ပီယံလိဂ်ဝင်ခွင့် ရယူသွားဖွယ်ရှိနေသည်။

ဟတ်ဒါဖီးလ်မှာမူ ယခုပွဲသရေရလဒ်ကြောင့် တန်းဆင်းဇုန်မှ လွတ်မြောက်သွားခဲ့သည်။

စပါးအသင်းမှာ ချယ်လ်ဆီးနိုင်ပွဲပျောက်သွားမှုကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရန် သေချာသွားခဲ့သည်။

စပါးအနေဖြင့် ခပ်မာမာတုံ့ပြန်ခဲ့သည့် နယူးကာဆယ်ကြောင့် အခက်အခဲတွေ့ခဲ့ရပြီး (၅၀)မိနစ်ရောက်မှ ဟာရီကိန်းက တစ်လုံးတည်းသောအနိုင်ဂိုး သွင်းပေးခဲ့ခြင်းဖြစ်သည်။

ပွဲရလဒ်များ

လက်စတာ ၃-၁ အာဆင်နယ်
ချယ်လ်ဆီး ၁-၁ ဟတ်ဒါဖီးလ်
မန်စီးတီး ၃-၁ ဘရိုက်တန်
စပါး ၁-၀ နယူးကာဆယ်

Most Read

Most Recent