<

■ဘွန်ဒစ်လီဂါပွဲစဉ် (၁) အကြိုသုံးသပ်ချက်

ရှော်လ်ကေးအသင်းဘက်သို့ ဂိုးသွင်းယူရန် ကြိုးစားနေသည့် လိုက်ပ်ဇစ်တိုက်စစ်မှူး ၀ါနာ

 

■ဟော်ဖန်ဟင်မ် နှင့် ၀ါဒါဘရီမင် (စနေည ၈း၀၀ နာရီ)

ဟော်ဖန်ဟင်မ်အသင်းက အခုပွဲထက် ကြားရက်မှာက စားရမယ့် လီဗာပူးလ်နဲ့ချန်ပီယံလိဂ်ခြေစစ်ပွဲကို ပိုအာရုံရောက် နေနိုင်တယ်။ ဒါပေမဲ့ အိမ်ကွင်းပွဲစဉ်ဖြစ်လို့ အတတ်နိုင်ဆုံးမရှုံး အောင်တော့ ထိန်းကစားသွားလိမ့်မယ်။ ၀ါဒါဘရီမင်ရဲ့ပြီးခဲ့တဲ့ ရာသီအဆုံးသတ်ပိုင်းခြေစွမ်းက အထူးကောင်းမွန်ခဲ့ပါတယ်။ ၀ါဒါဘရီမင် အမှတ်ရနိုင်တယ်။

■ဟာသာဘာလင် နှင့် စတုဂတ် (စနေည ၈း၀၀ နာရီ)

တန်းပြန်တက်လာတဲ့ စတုဂတ်က ဘတ်စတူဘာ၊ အာအို ဂို၊ ဇီလာတို့လို ၀ါရင့်တွေကိုခေါ်ယူထားတယ်။ ဒါပေမဲ့ အသင်း သစ်ပုံစံဖြစ်နေလို့ သိပ်တော့မျှော်လင့်လို့မရဘူး။ ဟာသာဘာ လင်အသင်းရဲ့လက်ရှိလူစာရင်းက ဒီရာသီမှာ ချန်ပီယံလိဂ်ဝင် ခွင့်အတွက် စိန်ခေါ် နိုင်လောက်တယ်။ ဟာသာဘာလင် အနိုင် သေချာပါတယ်

■ဟမ်းဘတ် နှင့် အော့စ်ဘတ် (စနေည ၈း၀၀ နာရီ)

နှစ်သင်းကစားသမားပိုင်းက ကွာခြားချက်သိပ်မရှိပါဘူး။ နွေရာသီပြင်ဆင်မှုတွေမှာလည်း နှစ်သင်းစလုံး အထိုက်အ လျောက်တော့ အားဖြည့်မှုတွေပြုလုပ်ထားနိုင်တာ တွေ့ရပါ တယ်။ သရေခံကစားသွားနိုင်တဲ့ အော့စ်ဘတ်အသင်းကိုပဲ ပို ကြိုက်တယ်။

■မိန့်ဇ် နှင့် ဟန်နိုဗာ (စနေည ၈း၀၀ နာရီ)

မိန့်ဇ်က ရာသီအဖွင့်ကာလမှာ အစကောင်းတတ်တာကို သတိပြုရမယ်။ အသစ်ခေါ်ထားတဲ့ ကစားသမားစာရင်းမှာလည်း အက်ဒ်လာ၊ မာဇင်၊ ဖစ်ချာတို့ပါဝင်နေလို့ မိန့်ဇ်ကို လျှော့တွက် လို့မရပါဘူး။ တစ်ကျော့ပြန် ဟန်နိုဗာက အတန်အသင့်လောက် ပဲ ပြင်ဆင်ထားနိုင်တယ်။ မိန့်ဇ်ပဲ အနိုင်ရဖို့များတယ်။

■၀ုလ်ဖ်ဘတ် နှင့် ဒေါ့မွန် (စနေည ၈း၀၀ နာရီ)

ဒေါ့မွန်အသင်းမှာ ဒမ်ဘီလီက ဘာစီလိုနာကိုရောက်ဖို့ နီးစပ်နေပြီး အူဘာမီယန်းရဲ့အနာဂတ်ကလည်း အခုချိန်အထိ မတည်ငြိမ်သေးဘူး။ ဒါ့အပြင် ဒေါ့မွန်က ရာသီအဖွင့်မှာ အထ နှေးတတ်တာကိုလည်း ထည့်တွက်ထားရမယ်။ ၀ုလ်ဖ်ဘတ်အ သင်းကတော့ ခံစစ်ပိုင်းမှာ အပြောင်းအလဲများနေတယ်။ ဒါပေ မဲ့ သိပ်တော့အားလျော့သွားဖို့မရှိပါဘူး။ဝုလ်ဖ်ဘတ်အသင်းကို ပဲ ရွေးချယ်ချင်တယ်။

■ရှော်လ်ကေး နှင့် လိုက်ပ်ဇစ် (စနေည ၁၁း၀၀ နာရီ)

လိုက်ပ်ဇစ်အသင်း ပြီးခဲ့တဲ့ရာသီက အများဆုံးအသုံးပြုခဲ့ တဲ့ အဓိက ကစားသမားအားလုံးကို ထိန်းထားနိုင်တယ်။ ခေါ် ထားတဲ့ကစားသမားတွေကလည်း အသင်းအတွက် အကျိုးပြု နိုင်ဖို့များပါတယ်။ ရှော်လ်ကေးက ကိုလာရှီနက်၊ ချူပိုမိုတင်း တို့ကို လက်လွှတ်ထားရပြီး အစားပြန်ထိုးထားသူတွေကိုတော့ စောင့်ကြည့်ရမယ်။ အိမ်ကွင်းပွဲဦးထွက်ဖြစ်လို့ ရှော်လ်ကေး
မ ရှုံးအောင်တော့ ကစားနိုင်တယ်။

August 19, 2017














Copy Protected by Chetan's WP-Copyprotect.