ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 9 May 2018

 

Photo: AFP

■ လက်စတာ နှင့် အာဆင်နယ် (၁၀-၅-၂၀၁၈ နံနက် ၁ း ၁၅)

လက်စတာအတွက်ရော အာဆင်နယ်အတွက်ရောအရေး မပါတော့ဘူး။ ဒါပေမဲ့ ဂုဏ်သိက္ခာအတွက် ဆက်ကစားသွားကြ မှာဖြစ်ပြီး နှစ်သင်းစလုံး တိုက်စစ်ဖွင့်ကစားကြလိမ့်မယ်။ ပထမအကျော့တုန်းကလိုပဲ အပြန်အလှန်ဂိုးတွေ မြင်ရနိုင်တယ်။ လက်စတာကို ပိုကြိုက်တယ်။

■ ချယ်လ်ဆီး နှင့် ဟတ်ဒါဖီးလ် (၁၀-၅-၂၀၁၈ နံနက် ၁ း ၁၅)

ဟတ်ဒါဖီးလ်အတွက် အရေးပါနေတဲ့ပွဲပါ။ ချယ်လ်ဆီးကလည်း လက်ကျန်ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်အတွက် အသည်းအသန်ရုန်းကန်ရဦးမယ့် ပွဲစဉ်ဖြစ်နေတယ်။ အိမ်ကွင်းလည်းဖြစ်တယ်။ အမှားကျူးလွန်မယ်လို့ မထင်ဘူး။ ချယ်လ်ဆီး နိုင်မယ်။ ဂိုးပြတ်မယ်။

■ မန်စီးတီး နှင့် ဘရိုက်တန် (၁၀-၅-၂၀၁၈ နံနက် ၁ း ၃၀)

မန်စီးတီးက နောက်ထပ်စံချိန်သစ်တွေအတွက်ပဲ ကစားနေတဲ့အသင်းဖြစ်ပြီး ဒီအတွက်လည်း တော်တော်လေးအားထည့်ထားတာတွေ့ရတယ်။ စံချိန်သစ်တွေတင်ဖို့၊ စံချိန်တင်ပြီးသားတွေကို ထပ်မံတိုးချဲ့ဖို့အတွက် နောက်ပိုင်းပွဲတွေမှာ ဆက်တိုက်ကစားခဲ့တယ်။ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတဲ့အတွက်လည်း ပရီးမီးယားလိဂ်ပွဲတွေကို ဆက်တိုက်အာရုံစိုက်နေပြီး ဂိုးပြတ်သွင်းဖို့ ကြိုးစားနေတာတွေ့ရတယ်။ ဘရိုက်တန်က ဆောက်သမ်တန် သရေကျခဲ့ပြီး ဆွမ်ဆီးရှုံးခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ ရာနှုန်းပြည့်သေချာသွားပါပြီ။ ဒါကြောင့် ဒီပွဲအတွက် ဘယ်လိုစိုးရိမ်စိတ်၊ ဖိအား၊ ရုန်းကန်အားမှ မရှိတော့ပါ ဘူး။ သက်သောင့်သက်သာပဲ ကစားမှာပါ။ ပြီးတော့ မန်စီးတီးရဲ့ ဆာနေး-ဂျေးဆူ-စတာလင်တို့ရဲ့တိုက်စစ်ပိုင်းကို ဒပ်ဖီ ဦးဆောင်တဲ့ ဘရိုက်တန်ခံစစ်က ထိန်းချုပ်နိုင်ဖို့ မလွယ်ဘူး။ မန်စီးတီးပဲ ဂိုးပြတ်နိုင်လိမ့်မယ်။

■ စပါး နှင့် နယူးကာဆယ် (၁၀-၅-၂၀၁၈ နံနက် ၁ း ၃၀)

စပါးအတွက် အရေးကြီးပါတယ်။ ချယ်လ်ဆီးက ပြီးခဲ့တဲ့ပွဲမှာ လီဗာပူးလ်ကို နိုင်ခဲ့လို့ အဆင့်(၄)နေရာအတွက် စပါး ပေါ့ဆလို့ မရတော့ဘူး။ စပါးရဲ့လက်ရှိခြေစွမ်းတွေက မငြိမ်ဘူး။ မန်စီးတီးကို ရှုံးတယ်။ ဘရိုက်တန်ကို သရေကစားတယ်။ မန်ယူကို FA ဖလားပွဲမှာ ရှုံးတယ်။ ဝက်ဖို့ဒ်ကိုနိုင်ပြီး ဝက်စ်ဘရွန်းကို ပြန်ရှုံးခဲ့ပြန်တယ်။ ဒါတွေက စပါးကို ချန်ပီယံလိဂ်အတွက် စိတ်အေးလက်အေးအခြေအနေကနေ တဖြည်းဖြည်းဖိအားဝင်လာစေခဲ့တာပဲ။ နယူးကာဆယ်ကလည်း ရလဒ်တွေဆက် တိုက်ကောင်းခဲ့ရာက အဲဗာတန်၊ ဝက်စ်ဘရွန်းနဲ့ ဝက်ဖို့ဒ်အသင်းတို့ကို ဆက်တိုက်ရှုံးခဲ့တယ်။ အသင်းက အထက်မရောက်၊ အောက်မရောက် အခြေအနေဖြစ်သွားလို့ သိပ်လည်းအားမထုတ်တော့ဘူး။ ဒီပွဲကိုတော့ စပါး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မဖြစ်မနေ အနိုင်ကစားလိမ့်မယ်။

Most Read

Most Recent