■စီးရီးအေပွဲစဉ် (၁) အကြိုသုံးသပ်ချက်

■စီးရီးအေပွဲစဉ် (၁) အကြိုသုံးသပ်ချက်
Published 19 August 2017

■ဂျူဗင်တပ်စ် နှင့် ကာဂလီယာရီ (စနေည ၁၀း၃၀ နာရီ)

ရာသီကြိုကာလမတည်ငြိမ်မှုတွေကြောင့် ဂျူဗင်တပ်စ် နည်းပြ အယ်လီဂရီ ဖိအားရှိနေနိုင်ပါတယ်။ ကာဂလီယာရီနဲ့ ယှဉ်ရင် လူစာရင်း၊ ကစားအားအများကြီးသာလွန်နေပေမယ့် ခံစစ်စုစည်းမှုလျော့ရဲနေတာကို သတိထားရပါမယ်။ ကာဂလီ ယာရီက သရေတစ်မှတ်အတွက်ပဲ ဦးတည်ကစားမှာဖြစ်ပြီး ဂျူ ဗင်တပ်စ် (၂)ဂိုးပြတ်လောက် နိုင်လိမ့်မယ်။

■ဗီရိုနာ နှင့် နာပိုလီ (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)

စီးရီးအေအတွေ့အကြုံရင့်ပေမယ့် ဗီရိုနာရဲ့ ပြင်ဆင်မှုက အားရစရာ သိပ်မရှိဘူး။ အသင်းလိုက်ကစားပုံမာကျောပြီး အိမ် ကွင်းမှာ အဆိပ်ရှိပါတယ်။ ဒါပေမဲ့ ခံစစ်အမှားများတတ်လို့ နာ ပိုလီရဲ့ လျင်မြန်တဲ့ တိုက်စစ်ကို ထိန်းချုပ်နိုင်ဖို့ မလွယ်ပါဘူး။ ဒီပွဲမတိုင်မီ ချန်ပီယံလိဂ်ကစားထားရပေမယ့် နာပိုလီ အနိုင် ရပါလိမ့်မယ်။ နှစ်သင်းပေါင်းသွင်းဂိုးများနိုင်တယ်။

Juventus' forward from Argentina Gonzalo Higuain (R) kicks to score a goal during the Italian Serie A football match between Cagliari and Juventus at Sant'Elia Stadium in Cagliari on February 12, 2017. / AFP PHOTO / GIUSEPPE CACACE

Most Read

Most Recent