မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ်ရယူနိုင်မည့် ဆီးဂိမ်းစ် ဝူရှူးပြိုင်ပွဲ သြဂုတ် ၂၀ ရက် စတင်ကျင်းပမည်

မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ်ရယူနိုင်မည့် ဆီးဂိမ်းစ် ဝူရှူးပြိုင်ပွဲ သြဂုတ် ၂၀ ရက် စတင်ကျင်းပမည်
Published 19 August 2017

Photo - ညီညီစိုးညွန့်

မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ်ရယူနိုင်မည့် ဆီးဂိမ်းစ် ဝူရှူးပြိုင်ပွဲကို သြဂုတ် ၂၀ ရက်တွင် စတင်ကျင်းပမည်ဖြစ် ကြောင်း သိရသည်။ ဝူရှူးပြိုင်ပွဲကို သြဂုတ် ၂၀ ရက်မှ ၂၂ ရက် အထိ သုံးရက်ကြာကျင်းပမည်ဖြစ်ပြိး မြန်မာဝူရှုးအဖွဲ့သည် ပြိုင်ပွဲအမျိုးအစား ၁၇ မျိုးစလုံး ယှဉ်ပြိုင်မည်ဖြစ်သည်။

ဆီးဂိမ်းစ်ဝူရှူးပြိုင်ပွဲတွင် ထောက်လုပြိုင်ပွဲအမျိုးအစား တစ်ခုတည်းသာ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး မြန်မာဝူရှူး အဖွဲ့သည် အမျိုးသား ငါ်းဦး၊ အမျိုးသမီး ခြောက်ဦး စုစုပေါင်း ၁၁ ဦးဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ဝူရှူးပြိုင်ပွဲကို KLCC -Hall ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာဝူရှူးအဖွဲ့သည် ဆုတံဆိပ်ရယူ နိုင်ရန် အိမ်ရှင်မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့နှင့် အဓိက ယှဉ်ပြိုင်ရဖွယ်ရှိနေသည်။ မြန်မာဝူရှုးအဖွဲ့သည် အမျိုးသမီး ပြိုင်ပွဲ၌ ရွှေတံဆိပ်ရယူနိုင်ရန် အဓိကမျှော်မှန်းထားပြီး ပြီးခဲ့ သည့် ၂၀၁၅ စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများ ရယူပေးခဲ့သည့် စန္ဒီဦး၊ အေးသစ္စာမြင့်နှင့် မြတ်သက်ဆုဝေဖြိုး တို့ကို မျှော်မှန်းထားကြောင်း သိရသည်။

မြန်မာဝူရှူးအဖွဲ့ သည် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံ တကာပြိုင်ပွဲများတွင် အောင်မြင်မှုများရယူနိုင်ခဲ့သလို နောက် ဆုံးပြင်ဆင်သည့်အနေဖြင့် တရုတ်နိုင်ငံ၌ ရက်ပေါင်း ၉၀ ကြာ သွားရောက်လေ့ကျင့်ထားသည်။ မြန်မာဝူရှူးအဖွဲ့တွင် စီနီယာကစားသမားများအပြင် လူငယ်ကစားသမားများကို လည်း အားဖြည့်ရွေးချယ်ထားပြီး ဝါရင့်ကစားသမားများ အနားယူသွားပါက အစားထိုးနိုင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် သြဂုတ် ၂၀ ရက်၌ ရွှေငါးခု၊ သြဂုတ် ၂၁ ရက်တွင် ရွှေခြောက်ခု၊ သြဂုတ် ၂၂ ရက်တွင် ရွှေခြောက်ခု ချီးမြှင့်သွားမည်ဖြစ်သည်။ မြန်မာဝူရှူးအဖွဲ့တွင် ကစားသမား များအဖြစ် အမျိုးသား-ထက်ဟန်ကျော်၊ သိန်းသန်းဦး၊ ခန့်မင်း ထက်၊ မင်းခန့်ကျော်၊ ပြည့်စုံအောင်၊ အမျိုးသမီး- စန္ဒီဦး၊ အေး သစ္စာမြင့်၊ မြတ်သက်ဆုဝေဖြိုး၊ ခိုင်ဇင်သက်၊ မြတ်နိုးအိမ်နှင့် နှင့် နှင်းယုဇံတို့ပါဝင်ကြသည်။

Most Read

Most Recent