ဆီးဂိမ်းဖူဆယ်ပြိုင်ပွဲ အမျိုးသား၊အမျိုးသမီး နှစ်ရပ်လုံးတွင် ပွဲဦးထွက် ရှုံးနိမ့်

ဆီးဂိမ်းဖူဆယ်ပြိုင်ပွဲ အမျိုးသား၊အမျိုးသမီး နှစ်ရပ်လုံးတွင် ပွဲဦးထွက် ရှုံးနိမ့်
Published 19 August 2017

ဆီးဂိမ်းဖူဆယ်ပြိုင်ပွဲ အမျိုးသား၊အမျိုးသမီး နှစ်ရပ်လုံးတွင် မြန်မာအသင်းမှာ ပွဲဦးထွက်ရှုံးနိမ့်မှုနှင့်ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

အမျိုးသားဖူဆယ်အသင်းနှင့် အမျိုးသမီးဖူဆယ်အသင်းနှစ်ရပ်စလုံးမှာ ပွဲဦးထွက်ပြိုင်ပွဲအဖြစ် မလေးရှားအသင်းများနှင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး နှစ်သင်းစလုံးရှုံူးနိမ့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အမျိုါ်သားအသင်းသည် အိမ်ရှင်မလေးရှားအသင်းနှင့် တွေ့ဆုံရာတွင် ပွဲပြီးခါနီး(၁၀)မိနစ်အလိုအထိ (၄-၂)ဂိုးဖြင့်ဦးဆောင်ခဲ့သော်လည်း ပွဲအပြီးတွင် (၄-၅)ဂိုးဖြင့်ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး အမျိုုးသမီးအသင်းမှာ မြန်မာအမျိုးသမီး အသင်းသည် အိမ်ရှင်မလေးရှားအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားခဲ့ပြီး (၁-၂) ဂိုးဖြင့် ရှုံး နိမ့်ခဲ့ခြင်းဖြစ်သည်။

အခြားပွဲတွင် လက်ရှိချန် ပီယံ ထိုင်းအသင်းက ဗီယက်နမ်အသင်းကို (၃-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယင်းပြိုင်ပွဲတွင် အိမ်ရှင်မလေးရှားအသင်းအပါအဝင် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားအသင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။

Most Read

Most Recent