အက်သလက်တီကိုနဲ့ မာဆေးလ်တို့ ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်

အက်သလက်တီကိုနဲ့ မာဆေးလ်တို့ ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်
Published 4 May 2018

Photo: Daily Mail

ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာတော့ ပထမအကျော့တုန်းက အားသာချက်ရရှိခဲ့တဲ့ အက်သလက်တီကိုနဲ့ မာဆေးလ်တို့ပဲ လိုအပ်တဲ့ရလဒ်တွေကို အရယူပြီး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ကြပါတယ်။ မာဆေးလ်အသင်းက အဝေးကွင်းမှာ (၂)ဂိုးပြတ်ပြန်ရှုံးခဲ့တာကြောင့် အချိန်ပိုကစားခဲ့ရပေမယ့် အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာပါ . . . ။

■ အက်သလက်တီကို ၁-၀ အာဆင်နယ်
(နှစ်ကျော့ပေါင်း ၂-၁ ဂိုးဖြင့် အက်သလက်တီကို ဗိုလ်လုပွဲတက်)

အက်သလက်တီကိုအသင်းက အိမ် ကွင်းမှတ်တမ်းကောင်းကို ထိန်းသိမ်းပြီး အ နိုင်ရလဒ်နဲ့အတူ ဗိုလ်လုပွဲကို တက်လှမ်းသွား ခဲ့ပါတယ်။ နည်းပြ ဆီမြွန်နီ ကြီးကြပ်ခွင့်မရတဲ့ ဒီပွဲမှာ လက်ထောက်နည်းပြ ဘာဂေါ့စ်က တာ ဝန်ယူခဲ့ပေမယ့် အက်သလက်တီကိုအသင်း ရဲ့ မူပိုင်ဟန်က ပြောင်းလဲသွားခြင်းမရှိခဲ့ပါဘူး။ အိမ်ကွင်းဖြစ်ပေမယ့် အာဆင်နယ်အသင်းကို ဘောလုံးပေးကစားခဲ့ပြီး အမှားအယွင်းအ နည်းဆုံးဖြစ်အောင်ပဲ ကစားသွားခဲ့တာပါ။ တိုက်စစ်မှာတော့ ဂရစ်ဇ်မန်းနဲ့ ဒီယေဂိုကော် စတာနဲ့ တွဲဖက်ပွဲထွက်ခဲ့ပြီး ကွင်းလယ်ခံစစ် ကစားသမား ပါတေးကို နောက်တန်းညာအ စွန်မှာ အသုံးပြုခဲ့တာကလွဲရင် အက်သလက် တီကိုအသင်း လူစုံခဲ့ပါတယ်။ အာဆင်နယ်အ သင်းကလည်း လာကာဇက်၊ ဝဲလ်ဘက်၊ အို ဇေးလ်၊ ရမ်ဆေး၊ ဝဲလ်ရှိုင်းယားတို့နဲ့ လူစုံခဲ့ပြီး မစ်ခီတာရီယန်ကိုတော့ ဒုတိယပိုင်းရောက်မှ အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ ပွဲအစ (၁၂)မိနစ် မှာပဲ နောက်ခံလူ ကိုစီယဲလ်နီ ဒဏ်ရာရသွား တာကြောင့် ချိန်ဘာစ်နဲ့ အစားထိုးခဲ့ရပါတယ်။ ဒါကလည်း အက်သလက်တီကိုအသင်းက သိပ်ပြီးဖိအားပေးတိုက်စစ်ဆင်ခဲ့ခြင်းမရှိတာ ကြောင့် ထောက်ပြစရာပြဿနာတစ်ရပ်တော့ မဟုတ်ခဲ့ပါဘူး။ အာဆင်နယ်အသင်း ဘော လုံးပိုင်ဆိုင်မှုအသာနဲ့ တိုက်စစ်ဆင်ကစားခွင့် ရရှိခဲ့ပေမယ့် ဂိုးရအောင် သွင်းယူနိုင်ခြင်းမရှိ ခဲ့တာကပဲ အဓိကအဆုံးအဖြတ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ အက်သလက်တီကိုအသင်းက အ ဝေးဂိုးမပေးရဖို့ကို အဓိကထားပြီး အာဆင် နယ်အသင်းကို တန်ပြန်တိုက်စစ်နဲ့ပဲ ကစား သွားခဲ့ပါတယ်။ ဒါပေမဲ့ လာကာဇက် ဦးဆောင် တဲ့ အာဆင်နယ်အသင်းရဲ့တိုက်စစ်က အ လုပ်မဖြစ်ခဲ့ဘဲ ပြိုင်ဘက်အသင်းရဲ့ခံစစ်စည်း ထဲရောက်တာနဲ့ အပိုင်ကန်သွင်းခွင့်တောင် မ ရသလောက်ဖြစ်ခဲ့ရပါတယ်။ ဘောလုံးရတဲ့အ ချိန်မှာမှ တိုက်စစ်ကို ပုံဖော်ကစားခဲ့တဲ့ အက် သလက်တီကိုအသင်းကတောင် အခွင့်အရေး ကောင်းတွေ ပိုဖန်တီးနိုင်ခဲ့ပြီး တစ်လုံးတည်း သောအနိုင်ဂိုးကိုတော့ အာဆင်နယ်အသင်းနဲ့ တွေ့တိုင်း ဂိုးမြူးနေကျဖြစ်တဲ့ ဒီယေဂိုကော်စ တာက ပထမပိုင်းပြီးခါနီးမှာ သွင်းယူခဲ့ပါ တယ်။ ဒီဂိုးမှာ အက်သလက်တီကိုအသင်း ရဲ့ တိုက်စစ်ပုံဖော်ပုံ ကောင်းမွန်တာကို မြင်တွေ့ ခဲ့ရသလို၊ အာဆင်နယ်အသင်းရဲ့ခံစစ်ပိုင်း အားနည်းတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီရလဒ်က အက်သလက်တီကိုအသင်းအ တွက် ဒီရာသီပြိုင်ပွဲစုံမှာ (၃၂)ပွဲမြောက် ပေး ဂိုးမရှိတဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။

Photo: Daily Mail

■ ဆာလ်ဇ်ဘာ့ဂ် ၂-၀ မာဆေးလ်
(နှစ်ကျော့ပေါင်း ၂-၂၊ အချိန်ပို ၁-၀ ဂိုးဖြင့် မာဆေးလ် ဗိုလ်လုပွဲတက်)

ဆာလ်ဇ်ဘာ့ဂ်အသင်းကလည်း အိမ် ကွင်းမာကျောမှုကို ထပ်မံပြသပြီး ပထမအ ကျော့ အရှုံးရလဒ်ကို ချေဖျက်သွားနိုင်ခဲ့ပါ တယ်။ ဆာလ်ဇ်ဘာ့ဂ်အသင်းက အုပ်စုအဆင့် မှာ ရှုံးပွဲမရှိခဲ့သလို၊ ရှေ့ရှုံးထွက်အဆင့်တွေ မှာလည်း ဒေါ့မွန်၊ လာဇီယိုတို့လို ပြိုင်ဘက် ကောင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အိမ်ကွင်း မှာ ရှုံးပွဲမရှိခဲ့ပါဘူး။ လာဇီယိုကို အဝေးကွင်း မှာ (၂-၄)ဂိုးနဲ့ ရှုံးခဲ့ပေမယ့် အိမ်ကွင်းမှာ (၄-၁) ဂိုးနဲ့ ပြန်အနိုင်ယူပြီး ဒီအဆင့်ကို ရောက် လာခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့် အခုပွဲ မှာလည်း ယုံကြည်မှုအပြည့်နဲ့ ပွဲစတာနဲ့ တိုက် စစ်ဆင်ကစားခဲ့ပါတယ်။ မာဆေးလ်အသင်း က ပထမပိုင်းမှာ အပြန်အလှန်တုံ့ပြန်ကစား နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဆာလ်ဇ် ဘာ့ဂ်အသင်းရဲ့တိုက်စစ်က ပိုကောင်းလာခဲ့ ပြီး (၅၃)မိနစ်မှာတော့ ဟိုင်ဒါရာက အဖွင့်ဂိုး စတင်သွင်းယူခဲ့ပါတယ်။ ဒီဂိုးရရှိပြီးနောက်မှာ ဆာလ်ဇ်ဘာ့ဂ်အသင်းရဲ့ တိုက်စစ်အရှိန်က ပိုပြင်းထန်လာခဲ့ပြီး မာဆေးလ်အသင်း အ သည်းအသန်ကာကွယ်ဖျက်ထုတ်နေခဲ့ရပါ တယ်။ (၆၅)မိနစ်မှာတော့ ဆာလ်ဇ်ဘာ့ဂ်အ သင်းရဲ့ကန်ချက်ကို တားဆီးရင်း မာဆေးလ် နောက်ခံလူ ဆား ကိုယ့်ဂိုးကိုယ်သွင်းမိသွားခဲ့ ပါတယ်။ ဒါကြောင့် အချိန်ပိုဆက်ကစားခဲ့ရပြီး အချိန်ပိုမှာလည်း အိမ်ရှင်ဆာလ်ဇ်ဘာ့ဂ်အ သင်းကပဲ အသာစီးယူကစားနိုင်ခဲ့ပါတယ်။ ဒါ ပေမဲ့ ကံကြမ္မာက မာဆေးလ်အသင်းဘက်ကို ရောက်ရှိသွားခဲ့ပြီး လူစားဝင်လာတဲ့ ရိုလန်ဒို က ပွဲပြီးခါနီးမှာ အနိုင်ဂိုး သွင်းယူသွားခဲ့ပါ တယ်။

Most Read

Most Recent