ဖယ်လေနီ၏နောက်ကျဂိုးဖြင့် အာဆင်နယ်ကို မန်ယူ အနိုင်ယူ

ဖယ်လေနီ၏နောက်ကျဂိုးဖြင့် အာဆင်နယ်ကို မန်ယူ အနိုင်ယူ
Published 30 April 2018

ဖယ်လေနီ နောက်ပြန်ခေါင်းတိုက်ပြီး အနိုင်ဂိုးသွင်းယူနေစဉ်

ပေါ့ဘာ၏ ပထမဂိုးသွင်းယူနေမှု

အာစင်ဝင်းဂါးအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့သည့် ဖာဂူဆန်

ပရီးမီးယားလိဂ် ပွဲစဉ်(၃၆)၏ ပရိသတ်စိတ်အဝင်စားဆုံးပွဲစဉ်ဖြစ်သော မန်ယူနှင့် အာဆင်နယ်အသင်းတို့ မဟာပြိုင်ဘက်(၂)သင်းတွေ့ဆုံမှုတွင် မန်ယူအသင်းက ကွင်းလယ်လူ ဖယ်လေနီ နာကျင်အချိန်ပိုတွင်သွင်းယူသည့်ဂိုးကြောင့် (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မန်ယူအသင်းသည် စပါးနှင့်FAဖလားပွဲ Line-upကို ဖီးလ်ဂျုံးစ်နေရာတွင် လင်ဒီလော့ဖ်ပါဝင်လာသည့် အပြောင်းအလဲသာရှိပြီး အာဆင်နယ်အသင်းမှာမူ အက်သလက်တီကိုနှင့် ယူရိုပါလိဂ်ပွဲကြောင့် အဓိကကစားသမားများဖြစ်သည့် လာကာဇက်၊ အိုဇေးလ်၊ ရမ်ဆေး၊ ဝဲလ်ရှိုင်းယား၊ ကိုစီယဲလ်နီ၊ မူစတာဖီတို့ကို အနားပေးထားခဲ့သည်။

မန်ယူအသင်းအတွက် ဦးဆောင်ဂိုးကို (၁၆)မိနစ်မှာ ဆန်းချက်ဇ် ခေါင်းတိုက်ချက် တိုင်ထိထွက်လာတာကို ပေါ့ဘာက ထပ်မံကန်သွင်းယူခဲ့တာဖြစ်ပြီး (၅၁)မိနစ်တွင် အာဆင်နယ်ကွင်းလယ်တိုက်စစ်သမား မစ်ခီတာရီယန်က ဂိုးဧရိယာထိပ်ကနေ ဒီဂီယာ၏အဝေးထောင့်ထဲသို့ကန်သွင်းကာ ချေပဂိုးရယူခဲ့သည်။

မန်ယူအသင်း၏အနိုင်ဂိုးကို (၉၁)မိနစ်တွင် အက်ရှ်လေယန်း၏ဖြတ်တင်ဘောကနေ ဖယ်လေနီက နောက်ပြန်အနေအထားနှင့် ခေါင်းတိုက်သွင်းခဲ့ပြီး ယင်းမတိုင်မီ ရပ်ရှ်ဖို့ဒ် တစ်ဂိုးသွင်းခဲ့သော်လည်း လူကျွံနေသဖြင့် ဂိုးမရရှိခဲ့ပေ။

မန်ယူအသင်းသည် ယခုနိုင်ပွဲကြောင့် တတိယနေရာမှ လီဗာပူးလ်အသင်းကို တစ်ပွဲလျော့ (၅)မှတ်ဖြတ်ထားကာ ရာသီကုန် ဒုတိယနေရာတွင်ရပ်တည်နိုင်ရန် ပိုမိုနီးစပ်လာခဲ့သည်။

အစောပိုင်းကကစားခဲ့သည့်ပွဲတွင်မူ မန်စီးတီးအသင်းက ဆာနေး၊ ဂျေးဆူ၊ ဖာနန်ဒင်ဟိုတို့၏ဂိုးများအပြင် အသင်းကစားသမားဟောင်း ဇာဘလက်တာ ကိုယ့်ဂိုးကိုယ်တစ်ဂိုး သွင်းပေးမှုကြောင့် ဝက်စ်ဟမ်းကို (၄-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မန်စီးတီးအသင်းမှာ ချယ်လ်ဆီးအသင်း ၂၀၁၆-၁၇ ရာသီတွင်တင်ရှိထားသည့် တစ်ရာသီအတွင်း နိုင်ပွဲအများဆုံး ဂိုး(၃၀)စံချိန်ကို အမီလိုက်နိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းပင် ၂၀၀၉-၁၀ရာသီကတင်ရှိထားသည့် တစ်ရာသီအတွင်း သွင်းဂိုးအများဆုံး (၁၀၃)ဂိုးစံချိန်ကို လိုက်မီရန်လည်း (၁)ဂိုးသာ လိုအပ်တော့သည်။

Most Read

Most Recent