ဘရူနိုင်းကို ဂိုးပြတ်အနိုင်ယူပြီး မြန်မာယူ-၂၂ အသင်း နောက်တစ်ဆင့်တက်

ဘရူနိုင်းကို ဂိုးပြတ်အနိုင်ယူပြီး မြန်မာယူ-၂၂ အသင်း နောက်တစ်ဆင့်တက်
Published 18 August 2017

Photo - ညီညီစိုးညွန့်

(၂၉)ကြိမ်မြောက် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုတွင်း တတိယပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာယူ-၂၂အသင်းသည်

ဘရူနိုင်းအသင်းကို ဂိုးပြတ်အနိုင်ယူပြီး နောက်တစ်ဆင့်သို့တက်ရောက်သွားပြီဖြစ်သည်။ ယခုပွဲစဉ်တွင် မြန်မာယူ-၂၂ အသင်းသည် ခံစစ်ကစားပုံကောင်းသော

ဘရူနိုင်းယူ-၂၂ အသင်းကို လူစာရင်းအပြည့်အစုံဖြင့်သာ ယှဉ်ပြိုင်ခဲ့ပြီး ပွဲအပြီးတွင် (၆-ဝ)ဂိုးဖြင့် အနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာယူ-၂၂ အသင်းသည် ဘရူနိုင်းအသင်း

ပွဲချိန်ပြည့် ဖိအားပေးကစားနိုင်ခဲ့ပြီး တိုက်စစ်မှူးအောင်သူအပါအဝင်စည်သူအောင်၊ သန်းပိုင်၊အောင်ကောင်မာန်၊မောင်မောင်လွင်တို့ ၏သွင်းဂိုးများဖြင့်

အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုတွင်း(၃)ပွဲကစားပြီးချိန်တွင် ပွဲစဉ်အားလုံးကိုအနိုင်ရရှိထားပြီး ရမှတ်(၉)မှတ် ၊သွင်းဂိုးစုစုပေါင်း(၁၁)

ဂိုးရရှိထားကြောင်း သိရသည်။

Most Read

Most Recent