မနက်ဖြန်နံနက်ယှဉ်ပြိုင်ကစားကြမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

မနက်ဖြန်နံနက်ယှဉ်ပြိုင်ကစားကြမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 28 April 2018

ဆီဗီလာကစားသမားများအား လေ့ကျင့်ရေးကွင်းတွင် တွေ့ရစဉ်

■ စပိန်လာလီဂါပွဲစဉ်

■ လီဗန်တေး နှင့် ဆီဗီလာ (၂၈-၄-၂၀၁၈ နံနက် ၁း၃၀ နာရီ)
လီဗန်တေးအတွက် တန်းမဆင်းရရေး အမှတ်ရှာရဦးမှာဖြစ်သလို၊ ဆီဗီလာကလည်း ယူရိုပါလိဂ်ဝင်ခွင့်အတွက် နိုင်ပွဲ ပြန်ရှာပြဖို့ လိုနေတယ်။ ဒါပေမဲ့ ဆီဗီလာရဲ့ အဝေးကွင်းကစားအားကို မယုံရသေးလို့ လီဗန်တေးနဲ့ ဂိုးအနည်းပဲကြိုက်တယ်။

 

■ ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ်

■ ဟော်ဖန်ဟင်မ် နှင့် ဟန်နိုဗာ (၂၈-၄-၂၀၁၈ နံနက် ၁း၀၀ နာရီ)
ဟန်နိုဗာက လက်ကျန်(၃)ပွဲစလုံးရှုံးရင်တောင် ဝုလ်ဖ်ဘတ်၊ မိန့်ဇ်၊ ဖရိုင်းဘတ်တို့က (၇)မှတ်လောက်ယူထားမှ အဆင့်(၁၈)နေရာ ရောက်မှာမို့ ဖိအားမရှိလှဘူး။ ဟော်ဖန်ဟင်မ်ကတော့ အိမ်ကွင်း(၃)ပွဲဆက် Clean Sheet ရလဒ်တွေနဲ့ဂိုး ပြတ်နိုင်ထားတယ်။ အိမ်ရှင်ကိုပဲ ကြိုက်တယ်။

 

■ ပြင်သစ်လီဂူးပွဲစဉ်

■ မောင့်ပယ်လီယာ နှင့် စိန့်အက်တီယန် (၂၈-၄-၂၀၁၈ နံနက် ၁း၁၅ နာရီ)
ရာသီအဆုံးသတ်ကာလမှာ စိန့်အက်တီယန် အမြင့်ပျံနေပြီး မောင့်ပယ်လီယာက အနည်းငယ် ယိမ်းယိုင်နေတယ်။ ဒီပွဲမှာလည်း မောင့်ပယ်လီယာ တစ်မှတ်ထက်ပိုရမယ်မထင်ဘူး။

Most Read

Most Recent