(၂၉)ကြိမ်မြောက် ဆီးဂိမ်းစ်ဖူဆယ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ယနေ့ စတင်ကျင်းပမည်

(၂၉)ကြိမ်မြောက် ဆီးဂိမ်းစ်ဖူဆယ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ယနေ့ စတင်ကျင်းပမည်
Published 18 August 2017

 

ဆီးဂိမ်းစ်ဖူဆယ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ကို သြဂုတ် ၁၈ ရက် (ယနေ့) တွင် ရှာအလမ် မြို့ရှိ Panasonic ကွင်း၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအမျိုးသားနှင့် အမျိုးသမီးအသင်းသည် အိမ်ရှင်မလေးရှားအသင်းနှင့် စတင်ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲပထမနေ့တွင် အမျိုးသမီးပွဲစဉ် များအဖြစ် ဗီယက်နမ်အသင်းနှင့် ထိုင်းအသင်း၊ အိမ်ရှင်မလေးရှားအသင်းနှင့် မြန်မာအသင်း၊ အမျိုးသားပွဲစဉ်များအဖြစ် ထိုင်းအသင်းနှင့် ဗီယက်နမ်အသင်း၊ မြန်မာအသင်းနှင့် အိမ် ရှင်မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် မြန်မာစံတော်ချိန် ညနေ ၄ နာရီ၊ မြန်မာအမျိူးသားအသင်းသည် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဖူဆယ်ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး ပြိုင်ပွဲနှစ်ခုစလုံး၌ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ် ပြိုင်မည်ဖြစ်ပြီး ပတ်လည်စနစ်ဖြင့်ကစားကာ အမှတ်အများဆုံးအသင်း ရွှေတံဆိပ်ဆုရရှိ မည်ဖြစ်သည်။

ဖူဆယ်ပြိုင်ပွဲကို သြဂုတ် ၁၈ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲ နောက်ဆုံးနေ့တွင် ဆုချီးမြှင့်ပွဲအခမ်းအနား ကိုပါ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

Most Read

Most Recent