ဗီယက်နမ်ကို အနိုင်ကစားမည်ဟု ဝင်းသိင်္ဂီထွန်း ပြောကြား

ဗီယက်နမ်ကို အနိုင်ကစားမည်ဟု ဝင်းသိင်္ဂီထွန်း ပြောကြား
Published 18 August 2017

 

photo - ညီညီစိုးညွန့်

မြန်မာအမျိုးသမီးအသင်း တောင်ပံကစားသမား ဝင်းသိင်္ဂီထွန်းက ဗီယက်နမ်အသင်းနှင့် အုပ်စုတတိယပွဲတွင် အနိုင်ကစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝင်းသိင်္ဂီထွန်းသည် ယခုပြိုင်ပွဲတွင် နှစ်ပွဲကစားရာ၌ လေးဂိုး သွင်းယူထားပြီး ထိုင်းနှင့်ပွဲတွင် နှစ်ဂိုး၊ မလေးရှားနှင့်ပွဲတွင် နှစ်ဂိုးသွင်းယူထားနိုင်သည်။

ဝင်းသိင်္ဂီထွန်းက '' အနိုင်ရခဲ့တဲ့အတွက် ကျေနပ်ပါတယ်။ ထိုင်းနဲ့ပွဲမှာ အနိုင်ရဖို့ နီးစပ်ခဲ့ပေမယ့် အနိုင်ရလိုစိတ်များပြီး ခံစစ်ကို ဦးစားပေးကစားခဲ့လို့ ဂိုးတွေပေးလိုက်ရတာပါ။ အသင်းမှာ လိုအပ်ချက်တွေ ရှိတယ်လို့ တော့ မထင်ပါဘူး။ အကောင်းဆုံးကြိုးစားနေကြလို့ အားရကျေနပ်ပါတယ်။ ဗီယက်နမ်နဲ့ပွဲမှာလည်း အနိုင်ရဖို့ ကြိုးစားသွားမှာပါ။ အနိုင်ရမယ်လို့လည်း ယုံကြည်ပါတယ်" ဟု ပြောကြားသည်။

မြန်မာအမျိုးသမီးအသင်းသည် လက်ကျန်ပွဲများအဖြစ် ဗီယက်နမ်၊ ဖိလစ်ပိုင်အသင်းတို့နှင့် ထပ်မံယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

Most Read

Most Recent