အိမ်ရှင်အသင်းကို အနိုင်ယူခဲ့သည့် မြန်မာအသင်း အပြန်ခရီးတွင် အခက်အခဲများစွာကြုံခဲ့ရ

အိမ်ရှင်အသင်းကို အနိုင်ယူခဲ့သည့် မြန်မာအသင်း အပြန်ခရီးတွင် အခက်အခဲများစွာကြုံခဲ့ရ
Published 18 August 2017

ပွဲအပြီးအမျိုးသမီးအသင်း ပြန်လည်ထွက်ခွာရန် ကြန့်ကြာနေမှုကို MFFတာဝန်ရှိသူများ ညှိနှိုင်းနေစဉ်။ Photo - MFF

သဂုတ် ၁၇ ရက်က ကျင်းပသည့် ဆီးဂိမ်းစ်အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် အိမ်ရှင်မလေးရှားအသင်းအား အနိုင်ရခဲ့သည့် မြန်မာအမျိုး သမီးအသင်းသည် ဟိုတယ်သို့ အပြန်တွင် အခက်အခဲများစွာနှင့် ရင် ဆိုင်ခဲ့ရကြောင်း သိရသည်။

မြန်မာအမျိုးသမီးအသင်း လိုက်ပါစီးနင်းသည့်ကားအား မောင်း နှင်သည့် ယာဉ်မောင်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သောကြောင့် ကွင်း၌ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရပြီး အိမ်ရှင်အသင်းကို ဂိုးပြတ်အနိုင်ရ ပြီး ဖြစ်ပွားခဲ့သောကြောင့် မလေးရှားနိုင်ငံ၏ စီစဉ်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

" ပြိုင်ပွဲကြီးကြပ်သူရဲ့ ပြောကြားချက်အရ ပထမယာဉ်မောင်းက နေမကောင်းလို့ဆိုပြီး အိမ် ပြန်သွားပါတယ်။ နောက်တစ်ယောက်ကို ပြောင်းလဲခဲ့ပေမယ့် အချိန်မီ ရောက်မလာခဲ့ပါဘူး။ ယာဉ်မောင်းအပြောင်းအလဲမှာ တခြားယာဉ်မောင်း တစ်ဦးကို ပြောင်းခဲ့ပေမယ့် စထွက်ထွက်ချင်းမှာ အန္တရယ်ဖြစ်နိုင်တဲ့ အနေအထားမျိုးနဲ့ ကြုံခဲ့ရပါတယ်။ ဒါကြောင့် ပြိုင်ပွဲကြီးကြပ်သူကို စောဒကတက်တော့မှ အဆင်ပြေသွားတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ အိုလံပစ်ကော်မတီမှတစ်ဆင့် ပြိုင်ပွဲကျင်းပရေးကော်မတီ ကို ကန့်ကွက်စာပို့လိုက်ပါပြီ။ နောက်တစ်ခါ ဒါမျိုးမဖြစ်အောင် လုပ် ဆောင်တာပါ" ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ခြောက် ကြိမ်မြောက် လက်ခံကျင်းပနေသည့် မလေးရှားနိုင်ငံသည် ပြိုင်ပွဲအတွက် စီစဉ်ဆောင်ရွက်ထားမှုများ အားနည်းခြင်းတို့ကြောင့် ဝေဖန်မှုများစွာ ရင်ဆိုင်နေရကြောင်း သိရသည်။

Most Recent