PSG အသင်းမှထွက်ခွာရန် နေမာအား ဘရာဇီးလ်ဂန္ထဝင် ရီဗာလ်ဒို တိုက်တွန်း

PSG အသင်းမှထွက်ခွာရန် နေမာအား ဘရာဇီးလ်ဂန္ထဝင် ရီဗာလ်ဒို တိုက်တွန်း
Published 25 April 2018

Photo: Eurosport

ဘရာဇီးလ်ဂန္ထဝင်ကစားသမား ရီဗာလ် ဒိုက နေမာအနေဖြင့် ကမ္ဘာ့အကောင်းဆုံးဆု ဆွတ်ခူးရရှိလိုပါက PSG အသင်းမှထွက်ခွာ ၍ စပိန်သို့ပြန်သင့်ကြောင်း တိုက်တွန်းပြော ကြားသည်။

နေမာသည် ဘာစီလိုနာအသင်း၌ မက်ဆီ၏လောင်းရိပ်မိနေသဖြင့် PSG အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများက ဖော်ပြလျက်ရှိပြီး ၎င်းအား ရီးယဲလ်အသင်းက ခေါ်ယူရန် စိတ်ဝင်စားနေသည်။

သို့ဖြစ်ရာ ၁၉၉၉ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုရှင် ရီဗာလ်ဒိုက "သူက ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ PSG မှာပဲဆက်နေရင်တော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်တယ်။ PSGကနေ သူထွက်ခွာဖို့လိုတယ်။ သူ့အနေနဲ့ ကမ္ဘာ့အကောင်းဆုံးဖြစ်ဖို့ဆိုရင် စပိန်မှာရှိနေဖို့ လိုအပ်တယ်။ သူ့ရဲ့အခြေအနေက ဘာစီလိုနာကိုပြန်ဖို့ ခက်ခဲနိုင်တယ်။ ကျွန်တော်ကြားရသလောက် သူ့အနေနဲ့ ရီးယဲလ်မက်ဒရစ်အသင်းမှာ ကစားဖို့ အခွင့်အရေးရှိနေပါတယ်"ဟု ပြောကြားသည်။

နေမာသည် လက်ရှိအချိန်တွင် ခြေချောင်းကျိုးဒဏ်ရာ ခွဲစိတ်ကုသမှုကြောင့် မတ်လဆန်းကတည်းက ဘရာဇီးလ်နိုင်ငံ၌ အနားယူလျက်ရှိပြီး မေလလယ်တွင် ပါရီသို့ ပြန်ဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent