ချန်ပီယံလိဂ်တွင် (၃)နှစ်ဆက်တိုက်ဗိုလ်စွဲရန်ရီးယဲလ်ဥက္ကဋ္ဌပစ်မှတ်ထား

ချန်ပီယံလိဂ်တွင် (၃)နှစ်ဆက်တိုက်ဗိုလ်စွဲရန်ရီးယဲလ်ဥက္ကဋ္ဌပစ်မှတ်ထား
Published 25 April 2018

ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက်ဇ် Photo:Getty Image

ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်က ချန်ပီယံလိဂ်ပြိုင်ပွဲတွင် သုံးနှစ်ဆက်ဗိုလ်စွဲ ရန် ပစ်မှတ်ထားနေကြောင်း ဧပြီ ၂၅ ရက် (ယနေ့) တွင် ကစားမည့် ဘိုင်ယန်မြူးနစ်နှင့် ဆီမီး ဖိုင်နယ် (ပ-ကျော့) မတိုင်မီ ကြုံးဝါးခဲ့သည်။ '' ကျွန်တော်တို့ ချန်ပီယံလိဂ်ဖလားကို နှစ်နှစ်ဆက် ဆွတ်ခူးထားသလို လေးနှစ်အတွင်း သုံးကြိမ်ရအောင်လည်း ဘယ်အသင်းမှ မစွမ်းဆောင်နိုင် ခဲ့ပါဘူး။ သမိုင်းမှတ်တမ်းသစ်တွေရေးထိုးဖို့ ရှေ့ဆက်သွားမှာပါ။ နည်းပြနဲ့ကစားသမားတွေ နောက်ထပ်ဥရောပချန်ပီယံဖြစ်ဖို့ အစွမ်းကုန်ကြိုးစားပါလိမ့်မယ်'' ဟု ပီရက်ဇ်က ပြောကြားသည်။

ယခုနှစ်ချန်ပီယံလိဂ်တွင် ရီးယဲလ်မက်ဒရစ်အသင်းဗိုလ်စွဲခဲ့ပါက ၁၉၇၆ နောက်ပိုင်း (၄၂)နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်ဖြစ် (၃)နှစ်ဆက်ချန်ပီယံဆုကို ရယူနိုင်သည့်အသင်းအဖြစ် မှတ်တမ်းပြန်လည်ရေးထိုးနိုင်မည်ဖြစ်သည်။ ထို့ပြင် နောက်ဆုံး (၅)နှစ်အတွင်း (၄)ကြိမ်မြောက်ဗိုလ်စွဲခြင်းအဖြစ်လည်း မှတ်တမ်းဝင်မည်ဖြစ်သည်။

Most Read

Most Recent