ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲကြိုသုံးသပ်ချက်
Published 24 April 2018

လီဗာပူးလ် နှင့် ရိုးမား (၂၅-၄-၂၀၁၈ နံနက် ၁း၁၅ နာရီ)

ရိုးမားက ဘာစီလိုနာကို ဒုတိယအကျော့မှာ အောင်ပွဲခံခဲ့တဲ့ (၃-၃-၂-၂)ကို ပြန်သုံးမယ်ထင်တယ်။ ဘောလုံးဆုံးတဲ့အ ချိန်မှာ စထရုမန်းနဲ့ နိုင်ဂိုလန်တို့က ကွင်းလယ်ကို ပြန်ဆင်းပြီး (၃-၅-၂)ပုံစံပြောင်းမယ်၊ တန်ပြန်တိုက်စစ်နဲ့ Open Play တွေမှာ တော့ ဒီရော့ဆီတစ်ယောက်တည်းကို ကွင်းလယ်မှာ ချန်ခဲ့ပြီး စထရုမန်းနဲ့ နိုင်ဂိုလန်က တိုက်စစ်ကိုတက်ကူ၊ ဖလော်ရန်ဇီနဲ့ ကို လာရော့ဗ်တို့က Second Ball တွေအတွက် ကွင်းလယ်မှာ ဒီရော့ဆီနဲ့ တွဲကစားရင်းပြန်စောင့်လိမ့်မယ်။ ခံစစ်ပိုင်းမှာတော့ ဖာဇီယို၊ မာနိုလက်စ်၊ ဟွမ်ဂျေးဆူတို့က စိတ်ချရတဲ့အဆင့်မှာရှိပြီး လီဗာပူးလ်ခံစစ်ထက်ပိုကောင်းတယ်။ ဂိုးသမား အယ်လစ်ဆန် ကလည်း လက်ရှိကမ္ဘာ့အကောင်းဆုံးစာရင်းဝင်ဖြစ်နေတယ်။ ရိုးမားကို လီဗာပူးလ်လျှော့မတွက်သင့်ဘူး။ လီဗာပူးလ် ဂိုးသမား နဲ့ ခံစစ်ပိုင်းက ရိုးမားလောက်မကောင်းဘူး။ ကွင်းလယ်လည်း သာတယ်လို့ပြောလို့မရဘူး။ အဓိက အားသာတာက တိုက်စစ်ပဲ။ လီဗာပူးလ်တိုက်စစ်က Pace ရော၊ Finishing ပါ အကောင်းဆုံးပုံစံဖြစ်နေတယ်။ ရိုးမားခံစစ်ကိုလည်း အမြန်နှုန်းနဲ့ ဒုက္ခပေး နိုင်တယ်။ ဒီအပိုင်းမှာ အခွင့်အရေးယူနိုင်ရင်တော့ လီဗာပူးလ်နိုင်မှာပါ။ ဒီပွဲက ဂိုးပြတ်မယ့်ပွဲမဟုတ်ဘူး။ လီဗာပူးလ်ဂိုးစောစော ရရင်တောင် ရိုးမားက ဂိုးထပ်မပေးရအောင်ကစားမှာဖြစ်သလို ဂိုးပြန်သွင်းနိုင်ခြေလည်းရှိတယ်။ (၂-၁)လောက်ပဲဖြစ်မယ်။

Most Read

Most Recent