ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 22 April 2018

 

 

■ အာဆင်နယ် နှင့် ဝက်စ်ဟမ်း (၂၂-၄-၂၀၁၈) တနင်္ဂနွေ ည ရး၀၀ နာရီ

အာဆင်နယ်က ယူရိုပါလိဂ်ဝင်ခွင့်အတွက်တောင် ဘန်လေကို စိုးရိမ်နေရတဲ့အခြေအနေဖြစ်နေတယ်။ ဒါပေမဲ့ အိမ်ကွင်း ရလဒ်တွေ အရမ်းကောင်းတယ်။ နိုင်ပွဲတွေလည်း ဆက်တိုက်ရနေတယ်။ ဝက်စ်ဟမ်းခြေတက်နေပေမယ့် အာဆင်နယ်နိုင်မှာပါ။ ဂိုးပြတ်ဖို့တော့ မလွယ်ဘူး။

 

■ စတုတ်စီးတီး နှင့် ဘန်လေ (၂၂-၄-၂၀၁၈) တနင်္ဂနွေ ည ရး၀၀ နာရီ

စတုတ်စီးတီးက အမှတ်လိုနေတဲ့အသင်း။ ဒါပေမဲ့ အမှတ်လိုနေလို့ ရုန်းကန်နေတာလည်းကြာပြီ။ မရတာက မရတာပဲ။ ခြေစွမ်းက တော်တော်လေးကို စိတ်ပျက်စရာကောင်းတယ်။ ဘန်လေက အဆင့် (၆)နေရာကို ချိန်လို့ရနေပြီ။ နိုင်ပွဲတွေလည်း ဆက်နေတယ်။ ဘန်လေပဲ ကြိုက်တယ်။

 

■ မန်စီးတီး နှင့် ဆွမ်ဆီး (၂၂-၄-၂၀၁၈) တနင်္ဂနွေ ည ၁၀း၀၀ နာရီ

မန်စီးတီးအတွက် အရေးမပါတဲ့ပွဲလို့ ယူဆနိုင်ပြီး ဆွမ်ဆီးကတော့ အမှတ်ရသလောက်စုရမယ့်အသင်းလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ဂွါဒီယိုလာရဲ့စိတ်က စံချိန်တွေအပေါ် အရမ်းတိမ်းညွှွတ်တတ်တယ်။ အမှတ်ရသလောက်ယူချင်ပြီး ဂိုးတွေလည်း ရသလောက်သွင်းရမှ ကျေနပ်တဲ့စိတ်ရှိတယ်။ ဘာစီလိုနာမှာတုန်းကလည်း ချန်ပီယံဖြစ်ပြီးတာတောင် ကိုယ်နဲ့ကစားရမယ့် အသင်းကိုလျှော့ကန်ပြီး အခြားအသင်းတွေအပေါ် မတရားလုပ်မိတာမျိုးဖြစ်မှာ ကြောက်တယ်လို့ ပြောဖူးတယ်။ ဒါကြောင့် လူစုံထုတ်ခြင်း မထုတ်ခြင်းထက် မန်စီးတီး တကယ်ကစားမယ်။ အနိုင်ကစားမယ်လို့ယူဆရတယ်။ ချယ်လ်ဆီးအသင်း ရဲ့ စံချိန်တချို့ကို ချိုးဖို့အတွက် ဒီပွဲမှာ ဂိုးများများသွင်းနိုင်ရင် အခွင့်အရေးပိုရှိလာမယ်။ မန်စီးတီးအသင်းသာ တကယ်ကစားရင် ဆွမ်ဆီးအနေနဲ့ အမှတ်ဘယ်လောက်လိုလို၊ ဘယ်လောက် ခံပိတ်ဖို့ စဉ်းစားထားထား ယှဉ်ကစားနိုင်စွမ်းမရှိတဲ့အခြေအနေမှာရှိတယ်။ ဂွါဒီယိုလာသာ လူငယ်တွေကို နေရာပေးချင်တဲ့စိတ်နဲ့ အရန်တွေ အများကြီးထည့်မကစားရင် ဆွမ်ဆီးဂိုးပြတ်ရှုံးမှာပဲ။ ဖြစ်နိုင်ခြေရှိတာကတော့ ချန်ပီယံဖလားယူပြီး ပထမဆုံးပွဲဖြစ်နေတာနဲ့ ဒီပွဲပြီးရင် အောင်ပွဲခံမယ့် အစီအစဉ်တွေကြောင့် ဂိုးပြတ်သွားနိုင်တယ်။

Most Read

Most Recent