လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 22 April 2018

 

 

 

 

■ ဟီရိုနာ နှင့် အက်စ်ပန်ညို (၂၂-၄-၂၀၁၈) တနင်္ဂနွေ ညနေ ၄း၃၀ နာရီ

ဟီရိုနာကလည်း ယူရိုပါလိဂ် လက်ကျန်မျှော်လင့်ချက်နဲ့ ကစားဦးမှာပဲ။ ဒါပေမဲ့ ဂိုးရဖို့ရုန်းကန်နေရသလိုတွေ့ရလို့၊ အဝေးကွင်းမှာ ခံစစ်ကစားဖို့ ပိုအားပြုတတ်တဲ့ အက်စ်ပန်ညိုကို ဂိုးရအောင်ကစားနိုင်ပါ့မလားဆိုတာတော့ စဉ်းစားစရာဖြစ်လာတယ်။ အက်စ်ပန်ညိုတိုက်စစ်ကလည်း ဂိုးရဖို့ရုန်းကန်နေရတာ တွေ့ရတယ်။ ဂိုးနည်းပြီး သရေကျသွားနိုင်တဲ့ပွဲမျိုးပါပဲ။

 

■ မာလာဂါ နှင့် ဆိုစီဒက် (၂၂-၄-၂၀၁၈) တနင်္ဂနွေ ည ၈း၄၅ နာရီ

မာလာဂါကတော့ အခြေအနေမကောင်းတော့ပါဘူး။ ဒါကြောင့် မထူးဇာတ်ခင်းပြီး ဖွင့်ကစားလာနေတဲ့ မာလာဂါရဲ့ အိမ်ကွင်းအားကို ဆိုစီဒက် ဘယ်လောက်တုံ့ပြန်နိုင်မလဲဆိုတာကိုပဲ စောင့်ကြည့်ရတော့မယ်။ ဆိုစီဒက်ရဲ့ ကစားပုံက ပုံမှန်မရှိတတ်ဘူး။ ဒါကြောင့် အိမ်ကွင်းအားနဲ့ သိက္ခာဆယ်မယ့် မာလာဂါနဲ့ ဂိုးအများပဲရွေးထားလိုက်တယ်။

 

■ လက်စ်ပါမားစ် နှင့် အလာဗတ်စ် (၂၂-၄-၂၀၁၈) တနင်္ဂနွေ ည ၁၁း၀၀ နာရီ

လက်စ်ပါမားစ်ကလည်း မာလာဂါလိုပါပဲ။ ပိုဆိုးတာက လက်စ်ပါမားစ်တိုက်စစ်က အခုတလော ဂိုးရဖို့တော်တော်လေး ရုန်းကန်နေရတဲ့ အချက်ပါပဲ။ ဂိုးနည်းသရေပွဲလို့ပဲထင်တယ်။

 

■ အက်သလက်တီကို နှင့် ဘက်တစ် (၂၃-၄-၂၀၁၈) တနင်္လာ နံနက် ၁း၁၅ နာရီ

ဘက်တစ်ကတော့ ပန်းဝင်ခါနီးခြေစွမ်းပြပြီး ယူရိုပါလိဂ်ဝင်ခွင့် မျှော်လင့်ချက်အားကောင်းနေတယ်။ ပွဲစဉ် (၃၂)အပြီးမှာပဲ အဆင့် (၅)အထိရောက်နေပြီး ဆီဗီလာ၊ ဗီလာရီးယဲလ်အသင်းတွေနဲ့အပြိုင် ယူရိုပါလိဂ်ဝင်ခွင့် ယှဉ်လုရမယ့်အနေအထားကိုပိုင်ဆိုင်ထားတယ်။ နောက်ပိုင်းကစားတဲ့ ပွဲတွေမှာလည်း အိမ်ကွင်း၊ အဝေးကွင်းမရွေးဘဲ တည်ငြိမ်တဲ့ခြေစွမ်းကိုထုတ်ပြထားနိုင်ပြီး ခံစစ်ပိုင်းကလည်း ထူးထူးခြားခြားတိုးတက်လာနေတာတွေ့ရတယ်။ ဒါကပဲ ဘက်တစ်ကို အခုလိုအခြေအနေရောက်လာစေတဲ့အချက်လို့ပဲ ပြောရမယ်။ ဒါပေမဲ့ နောက်ပိုင်းပွဲတွေမှာ ရင်ဆိုင်ခဲ့တဲ့ ပြိုင်ဘက်တွေကိုပြန်ကြည့်ရင် အလယ်အလတ်အသင်းတွေဖြစ်နေပြီး လာလီဂါမှာတိုက်စစ်အားပုံမှန်မရှိတဲ့အသင်းတွေဖြစ်နေတယ်။ အခုရင်ဆိုင်ရမယ့် အက်သလက်တီကိုက အဲဒီ လိုအသင်းတွေမဟုတ်ပါဘူး။ အိမ်ကွင်းလည်းဖြစ်လို့ အက်သလက်တီကိုနဲ့ ဂိုးအနည်းပဲပိုကြိုက်နေမိတယ်။

Most Read

Most Recent