ဆီဗီလာအသင်းကို ဂိုးမိုးရွာပြီး စပိန်ဘုရင့်ဖလားဆုကို ဘာစီလိုနာအသင်း အကြိမ်(၃၀)မြောက် ဆွတ်ခူး

ဆီဗီလာအသင်းကို ဂိုးမိုးရွာပြီး စပိန်ဘုရင့်ဖလားဆုကို ဘာစီလိုနာအသင်း အကြိမ်(၃၀)မြောက် ဆွတ်ခူး
Published 22 April 2018

Photo: AFP PHOTO / LLUIS GENE

စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲအဖြစ် ဆီဗီလာနဲ့ ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘာစီလိုနာအသင်းက (၅)ဂိုးပြတ် အနိုင်ယူပြီး ဒီဆုဖလားကို အကြိမ်(၃၀)မြောက် ဆွတ်ခူးသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်က ထွက်ခဲ့ရပြီးနောက်ပိုင်း တောက်လျှောက်ရလဒ်တွေကျဆင်းနေတဲ့ ဆီဗီလာအသင်းဟာ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲမှာလည်း ဂိုးပြတ်ခြေပြတ် ရှုံးနိမ့်ခဲ့ရပါတယ်။

ဘာစီလိုနာအသင်းကတော့ ချန်ပီယံလိဂ်က ထွက်ခဲ့ရပြီးနောက် ပြည်တွင်းဖလား(၂)လုံး ချန်ပီယံဖြစ်ရေးကို အာရုံစိုက်လာပြီး အင်တိုက်အားတိုက် ကစားသွားခဲ့ပါတယ်။

မက်ဆီ၊ ဆွာရက်ဇ်၊ ကော်တင်ဟို၊ အင်နီယေစတာတို့ရဲ့ တိုက်စစ်တွဲလုံးတွေအောက်မှာ ဆီဗီလာအသင်း စုန်းစုန်းမြုပ်ခဲ့ရပြီး ဗိုလ်လုပွဲရသနဲ့ ကင်းကွာခဲ့ပါတယ်။

ဘာစီလိုနာအသင်းအတွက် ဂိုးတွေကို ဆွာရက်ဇ် (၁၄၊ ၄၀ မိနစ်)၊ မက်ဆီ (၃၁ မိနစ်)၊ အင်နီယေစတာ (၅၂ မိနစ်)နဲ့ ကော်တင်ဟို (PG ၆၉ မိနစ်)တို့ သွင်းယူခဲ့ကြတာပါ။

မက်ဆီကတော့ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲ(၅)ကြိမ်မှာ ဂိုးသွင်းနိုင်တဲ့ ဘီလ်ဘာအို ဂန္ထဝင်တိုက်စစ်မှူး တယ်မိုဇာရာရဲ့ စံချိန်ကို လိုက်မီသွားခဲ့ပါတယ်။

ဆွာရက်ဇ်ကတော့ ဘာစီလိုနာအသင်းအတွက် သူပါဝင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလား၊ စပိန်စူပါဖလား၊ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲ(၅)ရပ်စလုံးမှာ ဂိုးသွင်းနိုင်သူ ဖြစ်လာပါတယ်။

■ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲရလဒ်
ဆီဗီလာ ဝ-၅ ဘာစီလိုနာ

■ FA ဖလား ဆီမီးဖိုင်နယ်ရလဒ်
မန်ယူ ၂-၁ စပါး

■ ပရီးမီးယားလိဂ်ရလဒ်များ
ဝက်စ်ဘရွန်း ၂-၂ လီဗာပူးလ်
ဝက်ဖို့ဒ် ဝ-၀ ခရစ္စတယ်ပဲလေ့စ်

■ လာလီဂါရလဒ်များ
အီဘာ ဝ-၁ ဂီတာဖေး
ဆယ်လ်တာဗီဂို ၁-၁ ဗလင်စီယာ

■ စီးရီးအေရလဒ်များ
SPAL ဝ-၃ ရိုးမား
ဆာဆူအိုလို ၁-၀ ဖီအိုရင်တီးနား
အေစီမီလန် ဝ-၁ ဘင်နီဗန်တို

■ ဘွန်ဒစ်လီဂါရလဒ်များ
လိုက်ပ်ဇစ် ၂-၅ ဟော်ဖန်ဟင်မ်
ဖရန့်ဖတ် ဝ-၃ ဟာသာဘာလင်
ဟမ်းဘတ် ၁-၀ ဖရိုင်းဘတ်
ဟန်နိုဗာ ဝ-၃ ဘိုင်ယန်မြူးနစ်
စတုဂတ် ၂-၀ ဝါဒါဘရီမင်
ဒေါ့မွန် ၄-၀ လေဗာကူဆင်

■ ပြင်သစ်လီဂူးရလဒ်များ
မာဆေးလ် ၅-၁ လိုင်လီ
အာမီယန်စ် ၃-၁ စထရာဘိုး
ဂူအင်ဂမ့် ၃-၁ မိုနာကို
မက်ဇ် ၁-၁ ကိန်း
တူးလူး ၂-၀ အန်ဂါစ်

■ လိဂ်ချန်ပီယံရှစ်ရလဒ်များ
ဘာမင်ဂမ် ၂-၁ ရှက်ဖီးယူနိုက်တက်
ဘော်လ်တန် ဝ-၄ ဝုလ်ဗ်
ဘရန့်ဖို့ဒ် ၂-၁ QPR
ဘရစ္စတိုးလ်စီးတီး ၅-၅ ဟားလ်စီးတီး
ဒါဘီ ၁-၂ မစ်ဒယ်ဘရော့
အစ်ဝစ်ချ် ဝ-၄ အက်စတွန်ဗီလာ
လိဒ်စ် ၂-၁ ဘန်စလေ
ပရက်စတန် ဝ-၀ နောဝစ်ချ်
ရှက်ဖီးဝင်းစ်ဒေး ၃-၀ ရက်ဒင်း
ဆန်းဒါးလန်း ၁-၂ ဘာတန်
ကာဒစ်ဖ် ၂-၁ နော်တင်ဟမ်

Most Read

Most Recent