အာဆင်နယ်နည်းပြရာထူးအတွက် ဗီယာရာ၊ တူဟယ်လ် နှင့် အန်ဆယ်လော့တီတို့ ရေပန်းစား

အာဆင်နယ်နည်းပြရာထူးအတွက် ဗီယာရာ၊ တူဟယ်လ် နှင့် အန်ဆယ်လော့တီတို့ ရေပန်းစား
Published 21 April 2018

Photo: Getty Image

အာဆင်နယ်အသင်းဘုတ်အဖွဲ့က ရာသီကုန်တွင် လမ်းခွဲတော့မည့် အာစင်ဝင်းဂါးနေရာ အစားထိုးမည့်သူကို အမြန်ဆုံးရှာဖွေသွားမည်ဖြစ်ကြောင်း ကြေညာထားပြီး အသင်းခေါင်း ဆောင်ဟောင်း ဗီယာရာ (လက်ရှိ နယူးယောက်စီးတီးအသင်းနည်းပြ)၊ ဒေါ့မွန်အသင်းနည်းပြ ဟောင်း သောမတ်စ်တူဟယ်လ်နှင့် ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း အန်ဆယ်လော့တီ တို့ ရေပန်းစားနေကြောင်း သိရသည်။

၎င်းတို့အနက် ဗီယာရာက အလေးပေးမှုတွင် (၂ း ၁) လေး ဖြင့် ရေပန်းအစားဆုံးဖြစ်နေပြီး အာစင်ဝင်းဂါးကိုယ်တိုင်ကလည်း အနားယူကြောင်းမကြေညာမီ ဧပြီ (၁၉) ရက်တွင် ဗီယာရာသည် တစ်နေ့တွင် မိမိနေရာဆက်ခံသူဖြစ်လာနိုင်ကြောင်း ပြောကြားထားသည်။

ထို့အပြင် အာစင်ဝင်းဂါး၏နေရာကို ဆက်ခံရန်အတွက် ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ဂျိုအာချင်လိုး၊ မန်စီးတီးနည်းပြဟောင်း ပယ်လီဂရီနီ၊ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီ၊ မိုနာကိုအသင်းနည်းပြ ယာဒင်း၊ ဟော်ဖန်ဟင်မ်နည်းပြ နီဂယ်လ်မန်းစ်၊ မန်စီးတီး လက်ထောက်နည်းပြ အာတီတာနှင့် ဆဲလ်တစ်နည်းပြ ဘရန်ဒန်ရော်ဂျာ တို့မှာလည်း ရေပန်းစားသူစာရင်းတွင် ပါဝင်နေကြောင်းသိရသည်။

 

Most Read

Most Recent