ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 21 April 2018

■  ဝက်စ်ဘရွန်း နှင့် လီဗာပူးလ် (၂၁-၄-၂၀၁၈) စနေ ညနေ ၆း၀၀ နာရီ

မန်ယူကိုအနိုင်ကစားခဲ့ပေမယ့် ဝက်စ်ဘရွန်းရဲ့ခြေစွမ်းက စိတ်ချလို့မရပါဘူး။ တစ်ပွဲတိုးလို့တောင်ပြောလို့ရတယ်။ မန်ယူနဲ့ပွဲမှာ နိုင်ခဲ့တာက ခြေစွမ်းကောင်းလို့၊ စိတ်ဓာတ်ကောင်းလို့ဆိုတာထက် ကံကောင်းတာလည်း ပါတယ်။ ရွန်ဒွန်က ရှေ့မှာ တစ်ယောက်တည်းအထီးကျန်နေပြီး မက္ကလင်းတို့က ကစားအားပဲရှိတယ်။ ဦးနှောက်မရှိဘူး။ ဒီပွဲက မန်ယူကို အနိုင်ယူအပြီး ပထမဆုံးအိမ်ကွင်းပွဲဆိုတော့ စိတ်ပိုင်းဆိုင်ရာမှာတော့ တော်တော်လေးအားကောင်းနေလိမ့်မယ်။ ဒါ့အပြင် နောက်ဆုံး (၂) ပွဲမှာ (၄)မှတ်ရထားတဲ့အခြေအနေကြောင့် လီဗာပူးလ်နည်းနည်းတော့ခက်နိုင်တယ်။ ဒါပေမဲ့ လီဗာပူးလ်ကွင်းလယ်ကို ဝက်စ်ဘရွန်း ယှဉ်ကစားဖို့ မလွယ်ဘူး။ အကောင်းဆုံးပုံစံကို ပြနိုင်ရင်တောင် ခံစစ်ကို ကူတဲ့အပိုင်းမှာပဲ ဖြစ်လိမ့်မယ်။ တိုက်စစ်က လီဗာပူးလ်ခံစစ်ကိုလည်း တိုးနိုင်မှာမဟုတ်ဘူး။ မန်ယူနဲ့ပွဲတုန်းက မာတစ်ရဲ့အမှားကြောင့် ဂိုးရခဲ့ပေမယ့် ဒီလိုအခွင့်အရေးမျိုး ထပ်ရဖို့ခက်လိမ့်မယ်။ လီဗာပူးလ်ကတော့ ဂုဏ်သိက္ခာအရပဲ ကစားရမှာ။ ချန်ပီယံလိဂ်ဝင်ခွင့်ကလည်း သေချာသလောက် ရှိတယ်။ အဆင့် (၂၊ ၃၊ ၄)ရဲ့အခွင့်အရေးကလည်း ဘာမှမကွာဘူး။ ဒီအချက်ကြောင့် လီဗာပူးလ် ခြေကုန်ထုတ်ကစားဖို့မလိုသလို၊ ဂိုးပြတ်နိုင်ဖို့လည်း ခက်နိုင်တယ်။ လီဗာပူးလ် ကပ်နိုင်သွားဖို့များတယ်။

■  ဝက်ဖို့ဒ် နှင့် ခရစ္စတယ်ပဲလေ့စ် (၂၁-၄-၂၀၁၈) စနေ ည ၈း၃၀ နာရီ

ပဲလေ့စ်ရဲ့ လက်ရှိခြေစွမ်းက အားရစရာကောင်းတယ်။ အမှတ်တွေ ရသင့်လျက်နဲ့ ဆုံးရှုံးခဲ့တဲ့ ပွဲတွေအများကြီး ရှိခဲ့ပေမယ့် ဘုန်းမောက်၊ ဘရိုက်တန်တို့နဲ့ ပွဲတွေမှာ အမှတ်တွေပြန်ယူလာနိုင်တာတွေ့ရတယ်။ ဝက်ဖို့ဒ်အိမ်ကွင်းဆိုပေမယ့် ပဲလေ့စ်ပဲ ကြိုက်တယ်။

Most Read

Most Recent