ပရီးမီးယားလိဂ်ဆောင်းရာသီအနားပေးမည့်အစီအစဉ်ကို ယခုရာသီမကုန်မီ ကြေညာဖွယ်ရှိ

ပရီးမီးယားလိဂ်ဆောင်းရာသီအနားပေးမည့်အစီအစဉ်ကို ယခုရာသီမကုန်မီ ကြေညာဖွယ်ရှိ
Published 20 April 2018

Photo: Getty Images

ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ဆောင်းရာသီအနားပေးမည့်အစီအစဉ်ကို ယခုရာသီမကုန်မီ အတည်ပြုကြေညာဖွယ်ရှိကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲသည် ဆောင်းရာသီအနားပေးခြင်းမရှိဘဲ ယှဉ်ပြိုင်နေသည့်ပြိုင်ပွဲဖြစ်ပြီး အခြားပြိုင်ဘက်လိဂ်များတွင် အနားပေးနေခြင်းကိုထောက်ပြကာ နည်းပြများစွာက ဝေဖန်ခဲ့ကြသည့်အတွက် လာမည့်ရာသီများ၌ အနားပေးသွားရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

ယင်းဆွေးနွေးမှုမှာ အတည်ပြုရန်သာ ကျန်ရှိတော့ပြီး (၂)ပတ်ကြာ အနားပေးသွားရန် စီစဉ်ထားကြောင်းနှင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီနောက်ဆုံးပတ် သို့မဟုတ် ဖေဖော်ဝါရီပထမပတ်တွင် စတင်ဖွယ်ရှိကြောင်းလည်း သိရှိရသည်။

ထို့ပြင် ယခုဆွေးနွေးပွဲ၌ ပရီးမီးယားလိဂ်ထိပ်သီးအသင်းများ တောင်းဆိုထားသည့် FA ဖလားပဥမအဆင့်ပွဲစဉ်များအား ပြန်ကန်ပွဲမကစားဘဲ အဖြေပေါ်သည်အထိ ယှဉ်ပြိုင်ကစားသွားရန် သဘောတူညီမှုရရှိခဲ့ကြောင်းလည်း သိရှိရသည်။

Most Read

Most Recent