ဂါရေး၏ အပြောင်းအရွှေ့အတွက် မန်စီးတီးအသင်း အပြစ်မရှိဟု ဆုံးဖြတ်

ဂါရေး၏ အပြောင်းအရွှေ့အတွက် မန်စီးတီးအသင်း အပြစ်မရှိဟု ဆုံးဖြတ်
Published 19 April 2018

Photo: Getty Images

ဆွစ်ဇာလန်နိုင်ငံအခြေစိုက် အားကစား ဆိုင်ရာခုံရုံး (CAS) သည် အာဂျင်တီးနား လူငယ်ကွင်းလယ်ကစားသမား ဘင်ဂျမင်ဂါရေး၏ အပြောင်းအရွှေ့အတွက် မန်စီးတီးအသင်း၌ အပြစ်မရှိကြောင်း ဧပြီ ၁၇ ရက်တွင် အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

မန်စီးတီးအသင်းသည် ဂါရေးအား အသက် ၁၆ နှစ်ပြည့်ပြီး ရက်ပိုင်းအကြာ ၂၀၁၆ ခုနှစ် ဇွန်တွင် အာဂျင်တီးနားကလပ် ဗယ်လက်ဇ်ဆာစဖီးလ်အသင်းမှ ခေါ်ယူခဲ့သည်။

ဗယ်လက်ဇ်အသင်းက မန်စီးတီးအသင်း အနေဖြင့် အသက် ၁၅ နှစ်ကတည်းက တရားမဝင်ချဉ်းကပ်ခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)ထံ ကန့်ကွက်တိုင်ကြားရာ ပယ်ချခံရသဖြင့် CAS ထံ အယူခံဝင်ထား ခြင်းဖြစ်သည်။

FIFA ၏ စည်းမျဉ်းအရ အသက် ၁၈ နှစ်အောက် ကစားသမားများအား ဥရောပကလပ်အချင်းချင်းသာ ပြောင်းရွှေ့ခွင့်ပြုထားရာ မန်စီးတီးအနေဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပါက အပြောင်းအရွှေ့ကာလနှစ်ကြိမ် (နွေရာသီနှင့် ဇန်နဝါရီ) ကစားသမားမှတ်ပုံတင်ခွင့် ပိတ်ပင်ခံရနိုင်ကြောင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။

သို့သော် ဂါရေးသည် အီတလီပတ်စ်ပို့ကိုင်ဆောင်ထားသူဖြစ်သောကြောင့် CAS က ဗယ်လက်ဇ်အသင်း၏ အယူခံအား ပယ်ချခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာ၊ ရီးယဲလ်နှင့် အက်သလက်တီကိုအသင်းသည် အလားတူဖြစ်ရပ်ကြောင့် ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံရဖူးသည်။

Most Read

Most Recent