ဂိုးဖန်တီးမှုအများဆုံးပြုလုပ်သူများအတွက် Playmaker ဆုကို ပရီးမီးယားလိဂ်တွင် ချီးမြှင့်မည်

ဂိုးဖန်တီးမှုအများဆုံးပြုလုပ်သူများအတွက် Playmaker ဆုကို ပရီးမီးယားလိဂ်တွင် ချီးမြှင့်မည်
Published 19 April 2018

 

ဂိုးဖန်တီးမှုအများဆုံးပြုလုပ်သည့်ကစားသမားအတွက် Playmaker ဆုကို ပရီးမီးယားလိဂ်တွင် ပထမဆုံးအကြိမ် ချီးမြှင့်သွားမည်ဖြစ်သည်။ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံးကစားသမားအတွက် Golden Boot ၊ ပေးဂိုးမရှိပွဲအများဆုံးဂိုးသမားအတွက် Golden Glove ဆုများ ချီးမြှင့်လျက်ရှိပြီး ယခုအခါ ဂိုးဖန်တီးမှုအများဆုံးပြုလုပ်သည့်ကစားသမားအတွက် Playmaker ဆု ချီးမြှင့်ရန် စီစဉ်နေသည်။

လက်ရှိအချိန်တွင် မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနားက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုးဖန်တီးမှု (၁၅)ကြိမ်ပြုလုပ်ထားပြီး ပထမဆုံးအကြိမ်ချီးမြှင့်မည့် Playmaker ဆုကို ရရှိရန်အခြေအနေကောင်းနေသည်။ အာဆင်နယ်အသင်းဂန္ထဝင် အွန်နရီက Playmaker ဆုချီးမြှင့်မည့်အပေါ် ကြိုဆိုခဲ့ပြီး ဂိုးသွင်းယူရချိန်ထက် ဂိုးဖန်တီးမှုပြုလုပ်ရချိန်များတွင် ပိုမိုပျော်ရွှင်မိကြောင်း ဖွင့်ဟခဲ့သည်။

ဂိုးဖန်တီးမှုအများဆုံးပြုလုပ်ထားသည့် ဒီဘရိုင်းနား

အွန်နရီသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအကြိမ် (၂၀)ပြုလုပ်နိုင်ခဲ့ပြီး စံချိန်တင်ထားသူဖြစ်သည်။

လက်ရှိဘောလုံးရာသီပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုးဖန်တီးမှုအများဆုံးပြုလုပ်ထားသူများ

ဒီဘရိုင်းနား(မန်စီးတီး) - (၁၅) ကြိမ်
ဆာနေး(မန်စီးတီး) - (၁၂) ကြိမ်
ဒေးဗစ်ဆေးလ်ဗား(မန်စီးတီး) - (၁၁) ကြိမ်
အယ်လီ(စပါး) - (၁၀)ကြိမ်

Most Read

Most Recent