လိဂ်ချန်ပီယံရှစ်တွင် ခြေစွမ်းပြနေသည့် ဆီဆက်နွန်အားဘာစီလိုနာအသင်းကင်းထောက်များ စောင့်ကြည့်

လိဂ်ချန်ပီယံရှစ်တွင် ခြေစွမ်းပြနေသည့် ဆီဆက်နွန်အားဘာစီလိုနာအသင်းကင်းထောက်များ စောင့်ကြည့်
Published 19 April 2018

 

 

 

Photos: Getty Images

 

 

ယခုရာသီ လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ခြေ စွမ်းပြနေသည့် ဖူလ်ဟမ်ဘယ်နောက်ခံလူ ရိုင်ယန်ဆီဆက်နွန်အား စပိန်အသင်းကြီးဖြစ်သည့် ဘာစီလိုနာအသင်းက ခေါ်ယူရန် စောင့်ကြည့်နေ ကြောင်း သိရှိရသည်။ ဘာစီလိုနာအသင်းကင်း ထောက်များသည် လိဂ်ချန်ပီယံရှစ်ပွဲစဉ်များတွင် ဆီဆက်နွန်၏ခြေစွမ်းအား လိုက်လံကြည့်ရှုလျက်ရှိကြောင်း သိရှိရသည်။

ဆီဆက်နွန်သည် လက်ရှိအချိန်တွင် အ သက်(၁၇)နှစ်သာရှိသေးသော်လည်း ဖူလ်ဟမ်အသင်းကြီးတွင် (၂)ရာသီအတွင်း ပွဲပေါင်း(၇၁)ပွဲကစားထားပြီး (၂၁)ဂိုးသွင်းယူပေးထားသည်။ သူ့အနေဖြင့် ဘယ်နောက်ခံ ကစားသမားတစ်ဦး ဖြစ်သော်လည်း ဘယ်တောင်ပံတွင် ကစားခွင့်ရ နေပြီး အသင်းအတွက် ဂိုးများသွင်းယူပေးနေသလို၊ အသင်းဖော်များ ဂိုးသွင်းယူနိုင်ရန်လည်း ပံ့ပိုး ပေးလျက်ရှိသည်။

ဆီဆက်နွန်သည် ပြီးခဲ့သည့် ရက်ပိုင်းက ယခုရာသီ လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့သ လို၊ အင်္ဂလန်ဘောလုံးလိဂ်၏ အကောင်းဆုံးလူငယ်ကစားသမားဆုကိုလည်း ဆွတ်ခူးရရှိခဲ့သည်။ ထို့ပြင် ဆီဆက်နွန်သည် ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့ချုပ် (PFA) မှချီးမြှင့် မည့် PFA အကောင်းဆုံးလူငယ်ဘောလုံးသမားဆုအတွက် ဆန်ခါတင်(၆)ဦးစာရင်းတွင်လည်း ပါဝင် လျက်ရှိသည်။

ဘယ်နောက်ခံကစားသမားဘဝမှ ဘယ်တောင်ပံကစားသမားအဖြစ် ခြေစွမ်းပြပြီး တိုက်စစ်တွင်ပါ ဂိုးများသွင်းယူဖန်တီးနေသော ဆီဆက်နွန်ကို ရီးယဲလ်အသင်း၏ ဝေးလ်စ်တောင်ပံ ကစားသမား ဂါရတ်ဘေးလ်နှင့်နှိုင်းယှဉ်ပြီး ဗြိတိန် မီဒီယာများက ဖော်ပြလျက်ရှိနေကြသည်။ ဆီဆက်နွန်သည် ယခု ၂၀၁၈ ခုနှစ်အတွင်း ဖူလ်ဟမ် အသင်း၌ ယခင်ကထက် ပိုမိုခြေစွမ်းပြနေပြီး (၉) ဂိုးသွင်းယူကာ (၃)ဂိုးဖန်တီးပေးထားသည်။

၂၀၁၈ ခုနှစ်အတွင်း ဖူလ်ဟမ်အသင်းသည် (၃၈)ဂိုးသွင်း ယူထားရာ ဆီဆက်နွန်သည် ယင်းထဲမှ (၄)ပုံ(၁)ပုံနီးပါးကို သွင်းယူထားနိုင်ခြင်းလည်းဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်း ဂိုးအများဆုံးသွင်းနိုင် သည့် လိဂ်ချန်ပီယံရှစ်ကစားသမားစာရင်း၌ ဆီဆက်နွန်သည် ဖူလ်ဟမ်တိုက်စစ်မှူး မီထရိုဗစ်၏နောက် ဒုတိယ နေရာတွင်ရပ်တည်နေသလို၊ ဂိုး သွင်းယူ/ဖန်တီးနိုင်သူစာရင်းတွင် လည်း နောဝစ်ချ်တိုက်စစ်မှူး ဂျိမ်းစ်မက်ဒီဆင်၏နောက် ဒုတိယနေရာ၌ ရပ်တည်လျက်ရှိသည်။ ၂၀၁၈ ခုနှစ်အတွင်း ပြိုင်ဘက်ဂိုးဧရိ ယာအတွင်း ဘောလုံးကို အကြိမ်အများ ဆုံးထိနိုင်သူစာရင်း၌မူ ဆီဆက်နွန်သည် (၁၂၂)ကြိမ်ဖြင့် ထိပ်ဆုံးတွင်ဦးဆောင်နေကြောင်း သိရှိရသည်။

ဆီဆက်နွန်အားခေါ်ယူရန် ပရီးမီးယားလိဂ် အသင်းကြီးများဖြစ်သည့် မန်ယူ၊ စပါး၊ လီဗာပူးလ်၊ မန်စီးတီးအစရှိသည့်အသင်းများက စိတ်ဝင်စား နေပြီး ပြင်သစ်ကလပ် PSG အသင်းကလည်း ခေါ်ယူရန် စောင့်ကြည့်နေကြောင်း သိရသည်။ ဖူလ်ဟမ်အသင်းအနေဖြင့် အနာဂတ်တောက်ပ နေသည့် ၎င်းင်းတို့၏လူငယ်ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၅၀)ခန့်အလိုရှိ နေကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။

Most Read

Most Recent