အဲဗာတန်သို့ပြန်လာရန် မီရာလက်စ် ဆန္ဒမရှိ

အဲဗာတန်သို့ပြန်လာရန် မီရာလက်စ် ဆန္ဒမရှိ
Published 19 April 2018

 

Photo: DIFERNEWS

 

အဲဗာတန်အသင်း၏ ဘယ်လ်ဂျီယံတောင်ပံကစားသမား ကီဗင်မီရာလက်စ် (၃၀ နှစ်)က သူ့အနေဖြင့် အဲဗာတန်အသင်းသို့ပြန်လာရန် ဆန္ဒမရှိဟု ထုတ်ဖော် ပြောကြားခဲ့သည်။

မီရာလက်စ်သည် လက်ရှိတွင် ဂရိကလပ် အိုလံပီယာကော့စ် အသင်းသို့ အငှားသွားရောက်ကစားလျက်ရှိနေပြီး နောက်ဆုံးကစားခဲ့သည့် (၃)ပွဲ၌ (၂)ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

ကာကီရာအသင်းအား အိုလံပီယာကော့စ် အသင်းက (၅-၁)ဂိုးဖြင့် အနိုင်ရခဲ့သောပွဲအပြီး မီဒီယာများနှင့်တွေ့ဆုံရာ၌ မီရာလက်စ်က သူ့အနေဖြင့် အိုလံပီယာကော့စ်အသင်းတွင် ကစားရသည်ကို ပျော်ရွှင်နေကြောင်း၊ အဲဗာတန်သို့ မပြန်လိုတော့ကြောင်း၊ ရာသီကုန်တွင် ယင်းကိစ္စ အတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent