အယ်လ်ဒါဝီရယ်လ်အတွက် စပါးကို ဆောင်းနက်စ် ဝေဖန်

အယ်လ်ဒါဝီရယ်လ်အတွက် စပါးကို ဆောင်းနက်စ် ဝေဖန်
Published 19 April 2018

 

 

Photos: Getty Images

 

လီဗာပူးလ်အသင်း၏ ဂန္ထဝင်ကစားသမားနှင့် နည်းပြဟောင်းဖြစ်သူ ဂရေမီဆောင်းနက်စ်က စပါးအသင်းအား နောက်ခံလူ အယ်လ်ဒါဝီရယ်လ်အပေါ် ဆက်ဆံမှုနှင့်ပတ်သက်၍ ဝေဖန်ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံနောက်ခံလူ အယ်လ်ဒါဝီရယ်လ်သည် ယခုရာသီတွင် ဒဏ်ရာပြဿနာများကြောင့် အသင်းတွင် ကစားခွင့်ပျောက်ဆုံးခဲ့ပြီး ရာသီကုန်တွင် စပါးအသင်းနှင့် လမ်းခွဲဖွယ်ရှိနေသည်။

ဆောင်းနက်စ်က Sky Sports ရုပ်သံတွင် " သူ(အယ်လ်ဒါဝီရယ်လ်)ဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီးနောက်ပိုင်း အသင်းမှာ ကစားခွင့်မရတော့ပါဘူး။ တကယ်ဆို ဒါဗန်ဆန်ဆန်းချက်ဇ်ထက်တောင် သူ့ကို ကျွန်တော် ပိုပြီးနှစ်သက်ပါသေးတယ်။ ဆန်းချက်ဇ်က လူငယ်တစ်ဦးဖြစ်ပြီး သူကတော့ အသက် (၂၉)နှစ်ရှိတဲ့ အတွေ့အကြုံရင့်သူတစ်ဦးပါ" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent