လာမည့်ရာသီ ချယ်လ်ဆီးနည်းပြမည်သူဆိုသည်မှာ မရေမရာဖြစ်နေ၍ အသင်း၏အပြောင်းအရွှေ့အစီအစဉ်များကို ထိခိုက်မှုများရှိနေ

လာမည့်ရာသီ ချယ်လ်ဆီးနည်းပြမည်သူဆိုသည်မှာ မရေမရာဖြစ်နေ၍ အသင်း၏အပြောင်းအရွှေ့အစီအစဉ်များကို ထိခိုက်မှုများရှိနေ
Published 19 April 2018

 

 

 

Photos: Getty Images

 

လာမည့်ရာသီတွင် ချယ်လ်ဆီးအသင်းနည်းပြ မည်သူ ဖြစ်မည်ဆိုသည်မှာ မရေမရာဖြစ်နေ၍ အသင်း၏ ကစားသမားအပြောင်းအရွှေ့အစီအစဉ်များမှာ ထိခိုက်မှုများရှိနေ ကြောင်း သိရှိရသည်။

ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် လာမည့်နွေရာသီတွင် ခေါ်ယူမည့်ကစားသမားသစ်များ ကို ချဉ်းကပ်ကြိုးပမ်းလျက်ရှိရာ ၎င်းတို့ပစ်မှတ်ထားနေသည့် ကစားသမားအတော်များများက လာမည့်ရာသီတွင် ချယ်လ် ဆီးအသင်းအား မည်သူကိုင်တွယ်မည်ဆိုသည်ကို တိတိကျကျသိရှိလိုကြကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ယခုရာသီတွင် ရလဒ်ဆိုးများ ကြုံတွေ့ရသောကြောင့် အသင်းနည်းပြ ကွန်တီနှင့် လမ်းခွဲ ရန်စီစဉ်လျက်ရှိနေပြီး နည်းပြများစွာကို ပစ်မှတ်ထားလျက် ရှိနေသည်။ ချယ်လ်ဆီးအသင်း ပစ်မှတ်ထားနေသည့် နည်းပြသစ်စာရင်းမှာ (၅)ဦးထက်မနည်းရှိနေရာ ၎င်းတို့ခေါ်ယူရန် ကြိုးပမ်းနေသည့်ကစားသမားအတော်များများက မည်သည့် နည်းပြနှင့် လက်တွဲရမည်ဆိုသည်ကို သိရှိလိုနေကြကြောင်း သိရှိရသည်။ ယင်းကဲ့သို့ အသင်း၏နည်းပြနေရာ မတည်မငြိမ်ဖြစ်နေခြင်းကြောင့် ကစားသမားများခေါ်ယူရန် ကြိုးပမ်းရာတွင် အခက်အခဲများစွာရှိနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းနည်းပြသစ်ဖြစ်လာရန် လက်ရှိတွင် အသင်းလက်မဲ့ဖြစ်နေသည့် ဘာစီလိုနာနည်းပြဟောင်း လူးဝစ်အင်းနရစ်က ထိပ်ဆုံး၌ ရေပန်းစားလျက်ရှိပြီး ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီမှာ ဒုတိယနေရာသို့ ရောက်ရှိလာကြောင်း သိရသည်။ အယ်လီဂရီ ၏အောက်တွင် အန်ဆယ်လော့တီ၊ ဆာရီအစရှိ သည့် အီတလီလူမျိုးနည်းပြများ ဆက်တိုက်ရှိနေ ကြောင်း သိရှိရသည်။

ချယ်လ်ဆီးအသင်းပိုင်ရှင် အေ ဘရာမိုဗစ်ချ်သည် မကြာသေးမီက လူးဝစ်အင်းနရစ်၊ အယ်လီဂရီအစရှိသည့်နည်းပြများနှင့် တွေ့ဆုံဆွေး နွေးခဲ့သည်ဟု စပိန်လူမျိုး ရုပ်သံဘောလုံးဝေဖန်သူ ဂွယ်လ်လမ်ဘာလာဂွယ်က ထုတ်ဖော်ပြောဆိုခဲ့ ပြီးနောက် အယ်လီဂရီမှာ ချယ်လ်ဆီးနည်းပြသစ် ရေပန်းစားမှု စာရင်းတွင် ဒုတိယနေရာသို့ ရောက်ရှိလာခဲ့ ကြောင်း သိရှိရသည်။

Sky Sports ရုပ်သံတွင် ဘောလုံးဝေဖန်သူပြုလုပ်နေသော ဘာလာဂွယ်က "ချယ်လ်ဆီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ဟာ လူးဝစ်အင်းနရစ်နဲ့ တွေ့ ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့သလို၊ အယ်လီဂရီနဲ့လည်း တွေ့ ဆုံဆွေးနွေးခဲ့ပြီးပါပြီ။ ချယ်လ်ဆီးအသင်းအနေနဲ့ အသင်းရဲ့ အားကစားဒါရိုက်တာအဖြစ် ဘယ်သူ့ကို ခန့်အပ်မလဲ၊ နည်းစနစ်ဒါရိုက်တာအဖြစ် ဘယ်သူ့ကို ခန့် အပ်မလဲဆိုတာတွေကိုလည်း စဉ်းစားရမှာပါ။ အသင်း နည်းပြပြုလုပ်ရမယ့် သူတွေအနေနဲ့ ဘယ်သူတွေနဲ့ လက်တွဲရမယ်ဆိုတာ သိချင်ကြမှာပါ" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent