အဖွင့်ပွဲ ရှုံးနိမ့်ပြီး မြန်မာအမျိုးသမီးအသင်းရဲ့ အလားအလာ

အဖွင့်ပွဲ ရှုံးနိမ့်ပြီး မြန်မာအမျိုးသမီးအသင်းရဲ့ အလားအလာ
Published 17 August 2017

ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲကို  သြဂုတ် ၁၅ ရက်က စတင်ကျင်းပခဲ့ပြီး မြန်မာအသင်းဟာ ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက် ထိုင်းအသင်းကို (၂-၃) ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ မြန်မာအမျိုးသမီးအသင်းအနေနဲ့ ထိုင်းကို ရှုံးနိမ့်ခဲ့တာ ချန်ပီယံဆုအတွက် ထိ ခိုက်မှုရှိခဲ့ပြီး လက်ကျန်ပွဲတွေမှာ အမှားလုပ်လို့ မရတော့ပါဘူး။ မြန်မာအမျိုးသမီးအသင်းဟာ အုပ်စုဒုတိယပွဲအဖြစ် သြဂုတ် ၁၇ ရက် (ယနေ့) မှာ အိမ်ရှင်မလေးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ဒီပွဲဟာ မြန်မာအသင်းအတွက် အရေးပါတဲ့ပွဲဖြစ်နေပြီး အနိုင်ရမှ ချန်ပီယံဆုအပါအဝင် ဆုတံဆိပ်ရရှိဖို့ မျှော်လင့်နိုင်မှာဖြစ်ပါတယ်။

မြန်မာအသင်းနဲ့ကစားရမယ့် အိမ်ရှင် မလေးရှားအသင်းဟာ ပြင်ဆင်မှုတွေပြုလုပ်ထားပေမယ့် အဖွင့်ပွဲမှာ ဖိလစ်ပိုင်အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ အုပ်စုတွင်းမှာ အင်အားအနည်းဆုံး ဖိလစ်ပိုင်အသင်းနဲ့ စတင်ကစားဖို့ ပွဲစဉ်ရေးဆွဲခဲ့ပေမယ့် အနိုင်ရလဒ်တော့မယူ နိုင်ခဲ့ပါဘူး။ ဒါကြောင့် ဒီပွဲဟာ အဖွင့်ပွဲရှုံးပွဲ ကြုံတွေ့ထားတဲ့ နှစ်သင်း ရုန်းကန်ကြမယ့်ပွဲလည်း ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ထိုင်းနဲ့ အုပ်စုအဖွင့်ပွဲမှာ အနိမ့်ဆုံးသရေတစ်မှတ် ရယူသင့်ပေမယ့် အမှတ်ဗလာနဲ့ အဖွင့်ပွဲကို ဖြတ်သန်းခဲ့ရပါတယ်။ မိနစ် ၆၀ ကျော်အထိ တစ်ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့သလို ၈၂ မိနစ်မှာ နှစ်ဂိုးစီသရေကျမယ့် ချေပဂိုးပြန်ရခဲ့ပေမယ့် လိုအပ်နေတဲ့အမှတ် အရမယူနိုင်ခဲ့ပါဘူး။  မြန်မာအသင်း ရှုံးနိမ့်ခဲ့ရတဲ့အချက်တွေထဲမှာ ခံစစ်ပိုင်းအားနည်းမှုတွေ အများကြီးတွေ့ရတဲ့ အပြင် နည်းပြရဲ့ လူစားလဲမှုတွေကလည်း လိုအပ်ချက်တွေအများကြီး ရှိခဲ့ပါတယ်။ ပေးလိုက်ရတဲ့ ဂိုးသုံးဂိုးစလုံးက နောက်ခံလူနဲ့ ဂိုးသမားတို့ အမှားမကင်းပါဘူး။ ပထမပေးလိုက်ရတဲ့ ဂိုးမှာ စမှားတာက ကွင်းလယ်လူ သန်းသန်းထွေးဖြစ်ပြီး သူ့ရဲ့လူပေးမှားတာကနေ ထိုင်း အသင်းရသွားပြီး ကန်သွင်းခဲ့တာပါ။ ဒီဘောလုံးကို ဂိုးသမားမြဖူးငုံ ကာကွယ်ရာ ကန်ချက်ပျော့ပေမယ့် လက်ကလွတ်သွားလို့  ထိုင်းကစားသမားက ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒုတိယဂိုးကလည်း နောက်ခံလူတွေရဲ့အမှားကနေ ထိုင်းက သွင်းယူသွားတာဖြစ်ပြီး နောက်ဆုံးဂိုးကတော့ ဂိုးသမားနဲ့ နောက်ခံလူတို့ နားလည်မှု လွဲတာကနေ ပေးလိုက်ရတာပါ။ မြန်မာဂိုးသမား မြဖူးငုံနဲ့ နောက်ခံလူ ဇင်မာဝင်းတို့ နားလည်မှုလွဲတာကတစ်ဆင့် ဆူလာမူနီရပြီး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ မြန်မာအမျိုးသမီးအသင်းရဲ့ခြေစွမ်းဟာ သာမန်သာရှိခဲ့ပြီး ကစားပုံအရလည်း အကောင်းဆုံးမှာရှိမနေခဲ့ပါဘူး။ နောက်ထပ်အမှားကတော့ နည်းပြ ရော်ဂျာရိုင်နာရဲ့ လူစားလဲမှုတွေက အမှားများခဲ့ပါတယ်။ (၁-၂) ဂိုးရလဒ်နဲ့ ရှုံးနိမ့်နေတဲ့ အချိန်မှာ အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ရီရီဦးကို ထည့်သွင်းကစားသင့်ပေမယ့် လူငယ်ကစားသမား ဂျူလိုင်ကျော်ကိုပဲ လဲခဲ့ပါတယ်။ ဂျူလိုင်ကျော်အနေနဲ့ ပွဲအတွေ့အကြုံနည်းသေးတာကြောင့် အခုလို ထိုင်းအသင်းနဲ့ ကစားရမယ့် ပွဲမျိုးမှာကစားဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ ရီရီဦးဟာ ခြေစမ်းပွဲတုန်းက တောက် လျှောက်ပွဲထွက်ခွင့်ရလာပေမယ့် အခုပွဲမှာတော့ လူစားဝင်ကစားသမားအဖြစ်တောင် ကစားခွင့်မရခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် အမှားတွေအပေါ် အမှားတွေဆင့်ပြီး မြန်မာအသင်းကတော့ ထိုင်းအသင်းကို ရှုံးသွားခဲ့ပါပြီ။ မြန်မာ အမျိုးသမီးအသင်းအနေနဲ့ ထိုင်းအသင်းကို ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မိနစ် ၉၀ အ တွင်း ဒုတိယအကြိမ် ရှုံးခဲ့တာဖြစ်ပြီး ပယ်နယ်တီတစ်ကြိမ် အပါအဝင်ဆိုရင် သုံးကြိမ်ရှိသွား ပြီဖြစ်ပါတယ်။ မြန်မာအသင်း ဟာ ၁၉၉၇ ဆီးဂိမ်းစ်ပြိုင် ပွဲ ဗိုလ်လုပွဲမှာ (၁-၅) ဂိုး ရလဒ်နဲ့ ရှုံးနိမ့်ပြီးနောက်ပိုင်း နှစ်ပေါင်း ၂၀ အကြာမှာ ပြန်လည်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ ထိုင်းကို ရှုံးခဲ့ပေမယ့် ရွှေတံဆိပ် မျှော်လင့်ချက်အားလုံး အဆုံးသတ်သွားတာတော့ မဟုတ်သေးပါဘူး။ လက်ကျန်သုံးပွဲစလုံး အနိုင်ရခဲ့ရင် မျှော်လင့်နိုင်ပါတယ်။ ထိုင်းအသင်းဟာ ဗီယက်နမ်အသင်းနဲ့ကစားဖို့ ကျန်သေးပြီး ဒီပွဲရလဒ်က မြန်မာအသင်းရဲ့ချန်ပီယံမျှော်လင့်ချက်အတွက် အရေးပါနေပါတယ်။ မြန်မာအမျိုးသမီးအသင်းအတွက် ဒီနေ့ယှဉ်ပြိုင်ရမယ့် မလေးရှားနဲ့ပွဲဟာ အရမ်းအရေးပါနေပါတယ်။ ဒီပွဲမှာ အနိုင်သုံးမှတ်အပြင် ဂိုးတွေလည်း ရသလောက် သွင်းယူထားနိုင်ဖို့လို ပါတယ်။ မြန်မာအမျိုးသမီးအသင်းအနေနဲ့  မလေးရှားကို ဂိုးပြတ်မနိုင်ဘူးဆိုရင် ချန်ပီယံ အိပ်မက်တွေ အဆုံးသတ်လိုက်ရတော့မှာပါ။

ဒါကြောင့် မြန်မာအမျိုးသမီးအသင်းအနေနဲ့ ချန်ပီယံဆု နောက်ဆုံးမျှော်လင့်ချက်အတွက် မလေးရှားအသင်းကို အနိုင်ကစားရမှာပါ။ မလေးရှားအသင်းကို အနိုင်ကစားနိုင်မှ ဗီယက်နမ်နဲ့ပွဲအတွက် စိတ်ဓာတ်အပြည့်နဲ့ ကစားနိုင်မှာပါ။ မြန်မာအမျိုးသမီးအသင်းဟာ မလေးရှားအသင်းကို နောက်ဆုံးအနိုင်ရခဲ့တာကတော့ ၂၀၁၆ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာဖြစ်ပြီး (၂-၁) ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ဦးဆောင်ဂိုးပေးလိုက်ရတာကြောင့် ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။ မြန်မာအသင်းနဲ့ မလေးရှားအသင်းတို့ဟာ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ရှစ်ကြိမ်မြောက် တွေ့ဆုံတာဖြစ်ပြီး ပြီးခဲ့တဲ့ ခုနစ်ကြိမ်မှာ မြန်မာအသင်းက ခြောက်ပွဲအထိ နိုင်ခဲ့ပါတယ်။ မြန်မာအသင်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်တဲ့ ၁၉၉၅ ပြိုင်ပွဲတစ်ကြိမ်သာ (၃-၅) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ဖူးပြီး ကျန်တဲ့အကြိမ်တွေမှာတော့ ဂိုးပြတ်အနိုင်ရလဒ်တွေ နဲ့ အများစုအနိုင်ရခဲ့ပါတယ်။ မြန်မာအသင်းဟာ မလေးရှားအသင်းကို  ၁၉၉၇၊ ၂၀၀၁၊ ၂၀၀၃၊ ၂၀၀၇၊ ၂၀၀၉၊ ၂၀၁၃

ပြိုင်ပွဲတွေမှာ အနိုင်ရခဲ့တာဖြစ်ပြီး ၂၀၀၃ ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ (၈-ဝ) ဂိုးနဲ့ ဂိုးအပြတ်ဆုံး အနိုင်ရခဲ့ပါတယ်။ မြန်မာနဲ့ မလေးရှားအသင်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်တဲ့ ကိုးကြိမ်မှာ ရှစ်ကြိမ်အထိ တွေ့ဆုံခဲ့ပြီး ၂၀၀၅ ပြိုင်ပွဲတစ်ကြိမ်သာ မတွေ့ဆုံတာဖြစ်ပါတယ်။

မလေးရှားနဲ့ အုပ်စုဒုတိယပွဲဟာ မြန်မာအမျိုးသမီးအသင်းအတွက် အရမ်းကို အရေးပါပါတယ်။ ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့တဲ့ အဖွင့်ပွဲက အရှုံးကို အိမ်ရှင် မလေးရှားကို အနိုင်ယူပြီး ပြန်လည်

ကုစားနိုင်မလား

ဆိုတာ . . .

Most Read

Most Recent