ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 17 April 2018

ဘရိုက်တန် နှင့် စပါး (၁၈-၄-၂၀၁၈) ဗုဒ္ဓဟူး နံနက် ၁း၃၀ နာရီ

စပါးအသင်း မန်စီးတီးကို အိမ်ကွင်းမှာအရှုံးခဲ့ရပေမယ့် ချယ်လ်ဆီးကို (၇)မှတ်ဖြတ်ထားဆဲဖြစ်လို့ သိပ်တော့စိုးရိမ်စရာမရှိသေးပါဘူး။ ဒါ့အပြင် ဒီပွဲပြီးရင်လည်း မန်ယူနဲ့ FA ဖလား ဆီမီးပွဲကစားဖို့ရှိနေလို့ စပါးနည်းပြ ပိုချက်တီနိုအနေနဲ့ လူစုံထုတ်၊ မထုတ်စောင့်ကြည့်ရမယ်။ စပါးအသင်း ရမှတ်အပြည့်လိုချင်ရင်တောင် အနိုင်ရရုံလောက်ပဲ အားစိုက်ကစားဖို့များတယ်။ ဘရိုက်တန်က တန်းဆင်းဇုန်အန္တရာယ်ကနေ လုံးဝမလွတ်မြောက်သေးဘူး။ အိမ်ကွင်းလည်း အသင့်အတင့်မာကျောမှုရှိပါတယ်။ ဘရိုက်တန် ဂိုးပြတ်မရှုံးတာသေချာတယ်။

လေဗာကူဆင် နှင့် ဘိုင်ယန်မြူးနစ် (၁၈-၄-၂၀၁၈) ဗုဒ္ဓဟူး နံနက် ၁း၃၀ နာရီ

လေဗာကူဆင်အသင်း နောက်ဆုံး(၂)ပွဲမှာ လိုက်ပ်ဇစ်၊ ဖရန့်ဖတ်အသင်းတွေကို ဂိုးပြတ်အနိုင်ကစားတဲ့အထိ ခြေစွမ်းပြန်တက်လာနေတယ်။ ဒါပေမဲ့ ဖလား(၃)လုံးအိပ်မက်နဲ့ အနီးစပ်ဆုံးဖြစ်လာတဲ့ ဘိုင်ယန်မြူးနစ်အသင်းကို တားဆီးနိုင်လောက်တဲ့ အင်အားမျိုးမရှိတော့ဘူး။ ဘိုင်ယန်က ပြိုင်ပွဲစုံအဝေးကွင်းနောက်ဆုံး(၁၂)ပွဲမှာ (၁၁)ပွဲအထိ အနိုင်ကစားပြီး လိုက်ပ်ဇစ်တစ်သင်းတည်းကိုသာ ရှုံးနိမ့်ထားပါတယ်။ လေဗာကူဆင်ကွင်းမှာ ဘိုင်ယန်အသင်း ရုန်းကန်ရတတ်တဲ့အစဉ်အလာရှိပေမယ့် ဒီတစ်ပွဲတော့ ပွဲချိန်အတွင်း အနိုင်ကစားလိမ့်မယ်။

အင်တာမီလန် နှင့် ကာဂလီယာရီ (၁၈-၄-၂၀၁၈) ဗုဒ္ဓဟူး နံနက် ၁း၃၀ နာရီ

အင်တာမီလန်က ခံစစ်ကစားပုံတိုးတက်လာသလောက် တိုက်စစ်ကစားပုံ ကျဆင်းနေတယ်။ နောက်ဆုံး(၃)ပွဲဆက် ဂိုးမရခဲ့လို့ ပိတ်ကစားပြီး တစ်မှတ်မျှော်လင့်မယ့် ကာဂလီယာရီကို ဂိုးသွင်းနိုင်ဖို့ ခက်ခဲဦးမယ်ထင်တယ်။ အင်တာမီလန်နည်းပြ စ ပယ်လက်တီက တိုရီနို၊ အတ္တလန်တာအသင်းတို့နဲ့ပွဲတွေမှာ ကစားပုံအပြောင်းအလဲတွေလုပ်ခဲ့လို့ တိုက်စစ်အခင်းအကျင်း မတည်ငြိမ်ခဲ့တာပါပဲ။ ဒီပွဲမှာလည်း (၂)ဂိုးပြတ်နိုင်ဖို့ခက်တယ်။

Most Read

Most Recent