ရွှေဖိနပ်ဆုမှာ ဟာရီကိန်း၏ အဓိကပစ်မှတ်မဟုတ်ကြောင်း အယ်လီဆို

ရွှေဖိနပ်ဆုမှာ ဟာရီကိန်း၏ အဓိကပစ်မှတ်မဟုတ်ကြောင်း အယ်လီဆို
Published 17 April 2018

စပါးအသင်းကွင်းလယ်ကစားသမား အယ်လီက အသင်းဖော်ဟယ်ရီကိန်း၏ အဓိကပစ်မှတ်မှာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရရှိရန်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

''ဟာရီအပါအဝင် စပါးတစ်သင်းလုံးရဲ့ အဓိကပစ်မှတ်က ချန်ပီယံ လိဂ်ဝင်ခွင့်တစ်နေရာ သေချာဖို့နဲ့ FAဖလားမှာ ဗိုလ်စွဲဖို့ပါပဲ။ ဟာရီသာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုရခဲ့ရင် တစ်သင်းလုံး ပျော်ရွှင်ရမှာဖြစ်ပေမယ့် ဒါက သူ့ရဲ့အဓိကပစ်မှတ်မဟုတ်ပါဘူး'' ဟု အယ်လီက ဆိုခဲ့သည်။

ဟာရီကိန်းသည် လက်ရှိ ပရီး မီးယားလိဂ်ဂိုးသွင်းအများဆုံးစာရင်းတွင် ဆာလာ (၃၀ ဂိုး) ၏နောက် (၅)ဂိုးအကွာ ဒုတိယနေရာတွင် ရပ်တည်နေသည်။

Most Read

Most Recent