w မာလာဂါအသင်းကို အနိုင်ရရှိခဲ့သည့်ပွဲတွင် ရီးယဲလ်မက်ဒရစ် အသင်းနည်းပြ ဇီဒန်း နည်းပြဘ၀ နိုင်ပွဲ(၁၀၀)ပြည့်မြောက် - Eleven Media Group <

မာလာဂါအသင်းကို အနိုင်ရရှိခဲ့သည့်ပွဲတွင် ရီးယဲလ်မက်ဒရစ် အသင်းနည်းပြ ဇီဒန်း နည်းပြဘ၀ နိုင်ပွဲ(၁၀၀)ပြည့်မြောက်

 

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဖြစ်သူ ဇီဒန်းသည် မာလာဂါအသင်းကို အနိုင်ရရှိခဲ့သည့်ပွဲတွင် နည်းပြဘ0 နိုင်ပွဲ(၁၀၀)ပြည့်မြောက်ခဲ့ပြီဖြစ် ကြောင်း သိရှိရသည်။

၂၀၁၅-၁၆ ရာသီဝက်ကာလက စတင်ကိုင်တွယ်ခဲ့သည့် ဇီဒန်းသည် အသင်းအတွက် စုစုပေါင်းကိုင်တွယ် သည့် ပွဲအရေအတွက် (၁၄၀)ပွဲပြည့် မြောက်ချိန်တွင် နိုင်ပွဲ(၁၀၀)ပြည့်ခဲ့ ခြင်းဖြစ်ပြီး ယင်းပွဲ(၁၄၀)တွင် ၎င်းင်း၏ မှတ်တမ်းမှာ ပွဲ(၁၀၀)နိုင်၊ (၂၅)ပွဲ သရေ၊ (၁၅)ပွဲရှုံးဖြင့် နိုင်ပွဲရာခိုင်နှုန်းမှာ (၇၁.၄၃)ရာခိုင်နှုန်းရှိခဲ့ကြောင်းလည်း သိရှိရသည်။

သူသည် ရီးယဲလ်မက်ဒရစ်အ သင်းကို ၂၀၁၅-၁၆ ရာသီဝက်၊ ရာသီ ပြည့် နှစ်ရာသီနှင့် ယခုရာသီတို့ကို ကိုင်တွယ်ထားခြင်းဖြစ်ပြီး ယင်းကာ လအတွင်းတွင် လာလီဂါချန်ပီယံ ဖလားတစ်ကြိမ်၊ စပိန်စူပါဖလား (၁) ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၂)ကြိမ်၊ ဥရောပစူပါဖလား (၂)ကြိမ်နှင့် ကမ္ဘာ့ ကလပ်ချန်ပီယံဖလား (၂)ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်သည်။

ဇီဒန်းသည် ရီးယဲလ်မက်ဒရစ် အသင်း၏ သမိုင်းတစ်လျှောက်ပွဲ(၅၀) အထက်ကိုင်တွယ်ခဲ့သည့် နည်းပြများ ထဲတွင် အန်ဆယ်လော့တီ (၇၄.၇၉ %) နှင့် မော်ရင်ဟို (၇၁.၉၁%) တို့ အပြီးတွင် တတိယနိုင်ပွဲရာနှုန်းအမြင့် ဆုံးနည်းပြလည်းဖြစ်သည်။

April 17, 2018














Copy Protected by Chetan's WP-Copyprotect.