အသင်းကြီး(၆)သင်းက ရုပ်သံဝေစုပိုမိုတောင်းဆိုနေသည့် ကိစ္စအတွက် လာမည့်ဇွန်လတွင် ဆုံးဖြတ်သွားမည်ဟု စကူဒါမိုး ဆို

အသင်းကြီး(၆)သင်းက ရုပ်သံဝေစုပိုမိုတောင်းဆိုနေသည့် ကိစ္စအတွက် လာမည့်ဇွန်လတွင် ဆုံးဖြတ်သွားမည်ဟု စကူဒါမိုး ဆို
Published 17 April 2018

ပရီးမီးယားလိဂ်၏ ရုပ်သံမူပိုင် ခွင့်မှရရှိနေသည့် ဝင်ငွေကို အသင်း (၂၀)စလုံးက ရပ်တည်မှုအဆင့်အ ပေါ် မူတည်ကာ ခွဲဝေပေးသည့်စနစ်အား ဆန့်ကျင်နေသည့် အသင်းကြီး (၆)သင်း၏ တောင်းဆိုမှုများနှင့်ပတ်သက်ပြီး လာမည့်ဇွန်လတွင် ဆုံးဖြတ်သွားမည်ဟု ပရီးမီးယားလိဂ်၏ အမှု ဆောင်ချုပ် စကူဒါမိုးက ဆိုခဲ့သည်။

စကူဒါမိုးက လိပ်ခဲတည်းလည်း ဖြစ်နေသည့် အခြေအနေကို လာမည့်ရာသီအထိပါသွားရန် ဆန္ဒမရှိဟုဆိုခဲ့ပြီး လာမည့်ဇွန်လတွင် အစည်းအ ဝေးပြုလုပ်ကာ အပြီးသတ်ဆုံးဖြတ် သွားမည်ဟု ပရီးမီးယားလိဂ်အသင်း များထံ အသိပေးခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်၏ ကြီး(၆)ကြီး ဖြစ်သည့် မန်ယူ၊ အာဆင်နယ်၊ ချယ်လ် ဆီး၊ မန်စီးတီး၊ လီဗာပူးလ်နှင့် စပါးအသင်းတို့သည် လက်ရှိခွဲတမ်းသတ် မှတ်ပုံအစား ၁၄-၆ ပုံစံခွဲဝေမှုစနစ်ကို အသုံးပြုရန် ဆန္ဒရှိနေကြခြင်းဖြစ်ပြီး အကြောင်းအရင်းမှာ မိမိတို့သည် ပိုမို ကြီးမားသည့် ငွေကြေးကိန်းဂဏန်း များနှင့် လည်ပတ်နေရခြင်းကြောင့် ဖြစ်ကြောင်း အကြောင်းပြခဲ့သည်။

ယင်းကဲ့သို့ မန်ယူအသင်း၏ အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်ဦး ဆောင်သည့် ကြီး(၆)ကြီးအသင်းများ ၏ တောင်းဆိုမှုကို ကျန်အသင်းများ ကလည်း မကျေမနပ်ဖြစ်နေရာမှ စကူ ဒါမိုး ဆုံးဖြတ်ရမည့်အခြေအနေကို ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ကျန်(၁၄)သင်းထဲမှ အဲဗာတန်၊ လက်စတာနှင့် ဝက်စ်ဟမ်းအသင်းတို့ကမူ ကြီး(၆)ကြီး၏ တောင်းဆိုမှုကို နားလည်ပေး သည့်အခြေအနေတွင်ရှိကြောင်း သိရသည်။

စကူဒါမိုးက ယင်းအစည်းအ ဝေးမှ ထွက်ပေါ်လာသည့် ဆုံးဖြတ် ချက်ကို လေးစားကြရန်လိုအပ်သည် ဟုလည်း ပြောကြားခဲ့သည်။

 

Most Read

Most Recent