w စပိန်လာလီဂါပွဲစဉ်(၃၃) ပွဲကြိုသုံးသပ်ချက် - Eleven Media Group <

စပိန်လာလီဂါပွဲစဉ်(၃၃) ပွဲကြိုသုံးသပ်ချက်

ဒီပို့တီဗို နှင့် ဆီဗီလာ (၁၈-၄-၂၀၁၈) ဗုဒ္ဓဟူး နံနက် ၀၀း၀၀ နာရီ

ယူရိုပါလိဂ်ဝင်ခွင့်အတွက် ဆီဗီလာ အမှတ်ဖြုန်းလို့မရတော့ပါဘူး။ လက်ရှိရပ်တည်မှုမှာလည်း ဆီဗီလာသာ အမှားနည်းနည်းထပ်လုပ်မိတာနဲ့ အခွင့်အရေးအပြည့်ယူသွားမယ့် ပြိုင်ဘက်တွေက အသင့်ရှိနေတယ်။ ဒီပို့တီဗိုကလည်း တန်းမဆင်းရဖို့ရုန်းနေပေမယ့် ဆီဗီလာကို ယှဉ်နိုင်ဖို့ခက်ပါလိမ့်မယ်။ဆီဗီလာနဲ့ ဂိုးအနည်းပဲကြိုက်တယ်။

ဆယ်လ်တာဗီဂို နှင့် ဘာစီလိုနာ (၁၈-၄-၂၀၁၈) ဗုဒ္ဓဟူး နံနက် ၁း၃၀ နာရီ

ချန်ပီယံလိဂ်က ထွက်လိုက်ရပြီးတဲ့နောက် လာလီဂါမှာလည်း ကစားရခက်တဲ့အသင်းတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရတာက ဘာစီလိုနာရဲ့အမှတ်ပေးချန်ပီယံဆုအတွက် နောက်ဆုံးပန်းအ၀င်စိန်ခေါ်မှုတွေလို့ပဲပြောရမယ်။ အသင်းကလည်း ရိုးမားကို ရှုံးပြီးနောက်မှာ အသင်းတွင်းမညီညွတ်တဲ့သတင်းတွေထွက်လာနေတယ်။ နည်းပြဗယ်လ်ဗာဒီနဲ့ မက်ဆီကြားမှာ အဆင်မပြေတော့ဘူးဆိုတဲ့သတင်းတွေ၊ ပီကေးရဲ့အသင်းကစားပုံအပေါ်ဝေဖန်ခဲ့မှုတွေက ဘာစီလိုနာရဲ့အတွင်းစည်းမှာ စည်းလုံးမှုတွေ လျော့ပါးလာစေတော့မှာလားဆိုတဲ့ သံသယမေးခွန်းတွေလည်း ထွက်လာတယ်။ အခုရင်ဆိုင်ရမယ့် ဆယ်လ်တာဗီဂိုကလည်း သူတို့ကွင်း ဘလိုင်ဒေါ့စ်မှာ ဘာစီလိုနာကို အခက်တွေ့အောင်လုပ်နိုင်တဲ့အသင်းမျိုးဖြစ်နေတယ်။ အထူးသဖြင့် ဆယ်လ်တာဗီဂိုရဲ့ အက်စ်ပတ်စ်ဦးဆောင်တဲ့တိုက်စစ်ဟာ ဂိုးရအောင်ကစားနိုင်တဲ့ တိုက်စစ်ဖြစ်လို့ ဘာစီလိုနာကိုကောင်းကောင်း ဒုက္ခပေးဖို့ရှိနေတယ်။ အိမ်ကွင်းလည်းဖြစ်နေလို့ ဆယ်လ်တာဗီဂိုနဲ့ ဂိုးအများကိုပဲရွေးထားကြည့်ချင်တယ်။

ဗီလာရီးယဲလ် နှင့် လီဟာနက်စ် (၁၈-၄-၂၀၁၈) ဗုဒ္ဓဟူး နံနက် ၂း၀၀ နာရီ

ဒီပွဲတော့ အိမ်ကွင်းမှာ ဗီလာရီးယဲလ်အမှတ်လျော့ခံတော့မှာ မဟုတ်ဘူး။ ယူရိုပါလိဂ်ဝင်ခွင့်အတွက်လည်း အရေးကြီးလာပြီဖြစ်လို့ လီဟာနက်စ်လို အဝေးကွင်းအားနည်းတဲ့အသင်းနဲ့ပွဲမှာ ဗီလာရီးယဲလ်အမှတ်ပြည့်ယူထားမှာသေချာတယ်။ လီဟာနက်စ်ကတော့ အမှတ်မလိုတဲ့အနေအထားမို့ ဘာမှမျှော်လင့်လို့ မရပါဘူး။ ဗီလာရီးယဲလ်နဲ့ ဂိုးအများပဲကောင်းမယ်။

April 17, 2018














Copy Protected by Chetan's WP-Copyprotect.