၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အိမ်ရှင်ကာတာအသင်း၏ နည်းပြအဖြစ် ဆောင်ရွက်ပေးလိုသည်ဟု ဇာဗီ ပြောကြား

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အိမ်ရှင်ကာတာအသင်း၏ နည်းပြအဖြစ် ဆောင်ရွက်ပေးလိုသည်ဟု ဇာဗီ ပြောကြား
Published 17 April 2018

Photo: Daily Mail

ဘာစီလိုနာအသင်းနှင့် စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း ဇာဗီက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အိမ်ရှင်ကာတာအသင်း၏ နည်းပြအဖြစ် ဆောင်ရွက်ပေးလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အသက်(၃၈)နှစ်ရှိပြီဖြစ်သည့် ဇာဗီသည် ဘာစီလိုနာအသင်းနှင့် လမ်းခွဲပြီးနောက် လက်ရှိအချိန်၌ ကာတာကလပ် အယ်လ်ဆတ်ဒ်အသင်းတွင် ကစားနေသူဖြစ်သည်။

အယ်လ်ဆတ်ဒ်အသင်းက ဇာဗီကို ခေါ်ယူထားခြင်းမှာလည်း ကာတာဘောလုံးအဖွဲ့ချုပ်၏ လမ်းညွှန်မှုနှင့်ဖြစ်ပြီး ကာတာဘောလုံးအဖွဲ့ချုပ်က ဇာဗီကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ သံတမန်တစ်ဦးအဖြစ် ခန့်အပ်ထားကြောင်းလည်း သိရှိရသည်။

သို့သော် ဇာဗီသည် ကာတာလက်ရွေးစင်အသင်းကို နည်းပြအဖြစ် ဆောင်ရွက်သွားရန် ဆန္ဒရှိနေပြီး ယခုရက်သတ္တပတ်အတွင်း မက်ဒရစ်မြို့၌ နည်းပြသင်တန်း စတင်တက်ရောက်နေပြီဖြစ်ကြောင်းလည်း သိရှိရသည်။

ဇာဗီက " သေချာတာကတော့ ကာတာအသင်းကို ကျွန်တော် တစ်နည်းနည်းနဲ့ ကူညီသွားမယ်ဆိုတာပါပဲ။ အကြံပေးအနေနဲ့ပဲ ဖြစ်မလား၊ နည်းပြအနေနဲ့ပဲ ဖြစ်မလား၊ လက်ထောက်နည်းပြပဲ ဖြစ်မလားဆိုတာတော့ မသိသေးပါဘူး။ ဒါပေမဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ပြိုင်ပွဲဝင်နိုင်စွမ်းရှိတဲ့ မျိုးဆက်တစ်ခု ထွက်ပေါ်လာအောင် ကူညီပေးဖို့တော့ ပိုပြီးဆန္ဒရှိပါတယ်" ဟုပြောကြားခဲ့သည်။

Most Read

Most Recent