ခြေချင်းဝတ်ဒဏ်ရာရခဲ့သည့် ဘတ်ရှူအာယီ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်နိုင်

ခြေချင်းဝတ်ဒဏ်ရာရခဲ့သည့် ဘတ်ရှူအာယီ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်နိုင်
Published 17 April 2018

Photo: EPA

ယခုတစ်ပတ်ဘွန်ဒစ်လီဂါပွဲစဉ်တွင် ရှော်လ်ကေးအသင်းကို ဒေါ့မွန်အသင်း (ဝ-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲ၌ ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့သော ဘယ်လ်ဂျီယံတိုက်စစ်မှူး ဘတ်ရှူအာယီသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်သွားနိုင်ကြောင်း သိရှိရသည်။

ဘတ်ရှူအာယီ(၂၄ နှစ်)သည် ချယ်လ်ဆီးအသင်းမှ ဒေါ့မွန်အသင်းသို့ အငှားချခံထားရသူဖြစ်ပြီး ဒေါ့မွန်အသင်းတွင် ခြေစွမ်းပြကာ (၁၄)ပွဲကစားပြီး (၉)ဂိုးသွင်းယူထားသူဖြစ်သည်။

ထို့ကြောင့် ချယ်လ်ဆီးအသင်းသို့ ပြန်သွားလိုခြင်းမရှိဘဲ ဒေါ့မွန်အသင်းနှင့်သာ အပြီးသတ်စာချုပ်ချုပ်ဆိုသွားလိုကြောင်း ပြောကြားထားသူလည်းဖြစ်သည်။

သို့သော် ရာသီကုန်ခါနီးအချိန်၌ ပြင်းထန်သည့် ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ခဲ့ရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ရသည်အထိ ဆိုးရွားနိုင်ကြောင်း သိရှိရသည်။

ဘတ်ရှူအာယီကလည်း မိမိအတွက် ယခုရာသီမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်း၊ အားပေးစကားပြောကြားခဲ့သူများကို ကျေးဇူးတင်ရှိကြောင်းနှင့် ဒေါ့မွန်အသင်းဖော်များအနေဖြင့် နောက်ဆုံးပွဲစဉ်အထိ အကောင်းဆုံးတိုက်ပွဲဝင်သွားနိုင်ရန် ဆုတောင်းပေးလိုကြောင်း Twitter တွင် ရေးသားခဲ့သည်။

Most Read

Most Recent