နီကိုကိုဗက်သည် တတိယဦးစားပေးနည်းပြသာဖြစ်သည်ဟု ဘိုင်ယန်ဥက္ကဋ္ဌ ဆို

နီကိုကိုဗက်သည် တတိယဦးစားပေးနည်းပြသာဖြစ်သည်ဟု ဘိုင်ယန်ဥက္ကဋ္ဌ ဆို
Published 16 April 2018

ဘိုင်ယန်မြူးနစ်အသင်း၏ ဥက္ကဋ္ဌ အူလီဟိုးနက်စ်က နည်းပြသစ်အဖြစ် ခန့်အပ်ရန် ရွေးချယ်ခဲ့သည့် ဖရန့်ဖတ်နည်းပြ နီကိုကို ဗက်သည် တတိယဦးစားပေးသာ ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ယခုရာသီအစပိုင်းတွင် အန် ဆယ်လော့တီကို ထုတ်ပယ်ပြီး လက်ရှိနည်းပြ ဂျက်ဟေးနက်စ် ကို ရာသီကုန်အထိ ယာယီခန့် အပ်ခဲ့သည်။

ဘိုင်ယန်မြူးနစ်အ သင်းတာဝန်ရှိသူများသည် ဟေး နက်စ်ကို လာမည့်ရာသီ၌ တရားဝင်နည်းပြအဖြစ် ဆက်လက် ဆောင်ရွက်ရန် ကမ်းလှမ်းခဲ့သော်လည်း ဟေးနက်စ်က လက်မခံခဲ့သည့်အတွက် ဒေါ့မွန်နည်းပြ ဟောင်း သောမတ်စ်တူဟယ်လ်ကို ထပ်မံကြိုးပမ်းခဲ့ကြောင်း သိရှိရသည်။

သို့သော် တူဟယ်လ် က အခြားအသင်းတစ်သင်းနှင့် သဘောတူညီမှုရယူထားပြီးဖြစ်သည်ဟုဆိုကာ ငြင်းပယ်ခဲ့သည့်အတွက် တတိယဦးစားပေးဖြစ်သည့် ကိုဗက်ကို ရွေးချယ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

Most Read

Most Recent