ယနေ့ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 16 April 2018

ဝက်စ်ဟမ်း နှင့် စတုတ်စီးတီး (မြန်မာစံတော်ချိန် ဧပြီ ၁၇ နံနက် ၁း၃၀ နာရီ)

ဝက်စ်ဟမ်းက (၃၄)မှတ်၊ စတုတ်စီးတီးက (၂၇)မှတ်ပါ။ ဝက်စ်ဟမ်းက အမှတ်လိုနေသေးပေမယ့် အမှားခံတယ်။ စတုတ် က အမှားမခံတော့ဘူး။ ခက်တာက စတုတ်ရဲ့ခြေစွမ်းက အားရ စရာ လုံးဝမရှိတာပဲ။ ခံစစ်ကလည်း ပွဲတိုင်းဂိုးပေးနေရတယ်။ ဝက်စ်ဟမ်းပဲ ကြိုက်တယ်။

မိန့်ဇ် နှင့် ဖရိုင်းဘတ် (မြန်မာစံတော်ချိန် ဧပြီ ၁၇ နံနက် ၁း၀၀ နာရီ)

နောက်ဆုံး(၆)ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ အသင်း(၂) သင်းတွေ့ဆုံကြတာပါ။ (၂)သင်းစလုံးရဲ့တိုက်စစ်ကလည်း ဆိုး ရွားနေပြီး ဒီ(၆)ပွဲမှာ (၂)ဂိုးသာသွင်းယူနိုင်ခဲ့ကာ (၄)ပွဲဂိုးပေါက် ပျောက်ခဲ့ရတယ်။ ဖရိုင်းဘတ်က နောက်ဆုံး(၅)ပွဲမှာ (၄)ပွဲရှုံး ထားပြီး မိန့်ဇ်ကတော့ (၂)ပွဲဆက် အမှတ်ယူထားပါတယ်။ မိန့်ဇ် နဲ့ပဲ စွန့်စားသင့်တယ်။

Most Read

Most Recent