မန်စီးတီး ချန်ပီယံဖြစ်မှုအား မန်ယူအသင်း၏ဂုဏ်ပြုမှုကို ပြန်ဖျက်ရန် ပရိသတ်များတောင်းဆို

မန်စီးတီး ချန်ပီယံဖြစ်မှုအား မန်ယူအသင်း၏ဂုဏ်ပြုမှုကို ပြန်ဖျက်ရန် ပရိသတ်များတောင်းဆို
Published 16 April 2018

မန်ယူအသင်းသည် မန်စီးတီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးနောက် အသင်း၏ Twitterစာမျက်နှာတွင် ဂုဏ်ယူဝမ်းမြောက်ကြောင်း Post တင်ထားမှုကို ပြန်ဖျက်ပေးရန် တောင်းဆိုခဲ့ကြသည်။

Twitterတွင် မန်ယူအသင်းက '' မန်စီးတီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်သွားမှုအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း'' ချီးကျူးရေးသားထားခြင်းဖြစ်သည်။

သို့သော် သဘောထားတင်းမာသည့် မန်ယူအသင်းပရိသတ်များက မြို့ခံပြိုင်ဘက်အသင်းအား ချီးကျူးဂုဏ်ပြုမှုကို မနှစ်မြို့သဖြင့် ယခုကဲ့သို့ တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်အပတ်က မန်စီးတီးအသင်းအား အဝေးကွင်းတွင် အနိုင်ကစားပြီးနောက် ချန်ပီယံဖြစ်ခွင့်ကို နှောင့်နှေးစေခဲ့သော်လည်း ယခုအပတ်တွင်မူ ဝက်စ်ဘရွန်းအသင်းကို မထင်မှတ်ဘဲအရေးနိမ့်မှုကြောင့် မန်စီးတီးအသင်းက စောစီးစွာချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent