အမှတ်ပေးချန်ပီယံဆုက PSGနည်းပြ အူနိုင်းအမ်မရီ၏အနာဂတ်ကို ကာကွယ်မှုမပေးနိုင်

အမှတ်ပေးချန်ပီယံဆုက PSGနည်းပြ အူနိုင်းအမ်မရီ၏အနာဂတ်ကို ကာကွယ်မှုမပေးနိုင်
Published 16 April 2018

PSGအသင်းနည်းပြ အူနိုင်းအမ်မရီသည် လက်ရှိတွင် အသင်းကို အမှတ်ပေးဖလားနှင့် လိဂ်ဖလား ရယူပေးထားသော်လည်း ၎င်း၏အနာဂတ်အတွက် ကာကွယ်မှုမပေးနိုင် ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

၎င်းသည် အသင်းနှင့် ၂၀၁၆ ခုနှစ်က (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး သက်တမ်း(၁)နှစ် တိုးခွင့်ရှိသည်ဟူုသောအချက်ကို ထည့်သွင်းထားသော်လည်း PSGအသင်းက စာချုက်သက်တမ်း တိုးမြှင့်မည်မဟုတ်ကြောင်း သိရသည်။

သတင်းများအရ PSGအသင်းသည် အူနိုင်းအမ်မရီ၏နေရာတွင် ဂျာမန်လူမျိုးနည်းပြ တူ ဟယ်လ်နှင့်အစားထိုးရန် အသင့်ရှိနေပြီး အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားကမူ အူနိုင်းအမ်မရီကိုသာ အသင်းတွင် ဆက်ရှိရန်အလိုရှိကြောင်း ပြောကြားထားသည်။

PSGအသင်းသည် မိုနာကိုအသင်းကို (၇-၁)ဂိုးဖြင့်အနိုင်ရပြီးနောက် အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး အအောင်မြင်ဆုံးစာရင်းတွင် နံပါတ်(၄)နေရာသို့ တက်လှမ်းလာခဲ့သည်။

PSGအသင်းအတွက်ဂိုးတွေကို ဆယ်လ်ဆိုနှင့် ဒီမာရီယာက (၂)ဂိုးစီ၊ ကာဗာနီနှင့် ဒရက်ဇ်လာက (၁)ဂိုးစီနှင့် မိုနာကိုတိုက်စစ်မှူး ဖယ်လ်ကာအိုက ကိုယ့်ဂိုးကိုယ် ပြန်သွင်းခဲ့ပြီး မိုနာကိုအသင်းအတွက် နှစ်သိမ့်ချေပဂိုးကို ရွန်နီလိုပက်စ်က သွင်းယူပေးခဲ့သည်။

Most Read

Most Recent